ဝေးလံခေါင်သီသော ကျွန်းစုများတွင် စစ်ရေးပြင်ခြင်းဖြင့် တရုတ်နှင့် ထိုင်ဝမ်တို့အကြား တင်းမာမှု မြင့်တက်လာမှုအပေါ် ဂျပန်က တုံ့ပြန်

By RFA
12 September 2022
ဝေးလံခေါင်သီသော ကျွန်းစုများတွင် စစ်ရေးပြင်ခြင်းဖြင့် တရုတ်နှင့် ထိုင်ဝမ်တို့အကြား တင်းမာမှု မြင့်တက်လာမှုအပေါ် ဂျပန်က တုံ့ပြန်

ထိုင်ဝမ်ရေလက်ကြား အကျပ်အတည်းအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ယင်း၏ ဝေးလံခေါင်သီသော ကျွန်းစုများတွင် ကာကွယ်ရေးကို တိုးမြှင့်လုပ်ဆောင်ရန် ဂျပန်ကစီစဉ်နေခြင်းက တရားဝင် မဟာဗျူဟာမြောက် တွေးခေါ်မှုကို ထင်ဟပ်စေသော်လည်း တရုတ်ကို စိတ်အနှောင့်အယှက်ဖြစ်စေဖွယ်ရှိနေသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည် ထိုင်ဝမ်မှ ကီလိုမီတာ၁၁၀ (၆၈မိုင်) ကွာဝေးသည့် အနောက်ဘက်စွန်းရှိ နန်စေးကျွန်းတန်းတွင် လောင်စာနှင့်ခဲယမ်းမီးကျောက်များသိုလှောင်ရုံများကိုတိုးချဲ့လိုသည်ဟု ကာကွယ်ရေး ဝန်ကြီး ဟာမာဒါက ပြောကြားခဲ့ကြောင်း Nikkei Asia မှ စက်တင်ဘာ၆ရက်တွင် ဖော်ပြခဲ့သည်။

 ခဲယမ်းမီးကျောက်များကို အနောက်တောင်ဘက်သို့ ရွှေ့ပြောင်းခြင်းသည် ဂျပန်၏ဟန့်တားမှု စွမ်းရည်ကို တိုးတက်စေမည်ဖြစ်ကြောင်းနှင့် ကျူးရှူးနှင့် အိုကီနာဝါကြားရှိ အေမာမီအိုရှီမာကျွန်းတွင် ခဲယမ်းများ သိုလှောင်ရုံတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း ဟာမာဒါက ပြောကြားခဲ့သည်။

ဂျပန်ကာကွယ်ရေးတပ်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက ထိုင်ဝမ်ပဋိပက္ခကို တုံ့ပြန်သည့် အမေရိကန်တပ်ဖွဲ့ဝင်များကို ထောက်ပံ့ပေးရန် အိုကီနာဝါ၊ကျူးရှူးနှင့် တခြားနေရာများတွင် ဆိပ်ကမ်း အဆောက်အအုံနှင့် လောင်စာဆီသိမ်းဆည်းရေးဌာနကို တည်ထောင်သွားမည်ဖြစ်သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည်နန်းစေးကျွန်းများပေါ်တွင်ဒုံးကျည်နှင့်အီလက်ထရွန်နစ်စစ်ပွဲစွမ်းရည်ကို မြှင့်တင်ရန်လည်း စီစဉ်နေကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏၂၀၂၂ခုနှစ် စက္ကူဖြူစာတမ်းတွင် ဖော်ပြ ထားသည်။

ဂျပန်သည် ယခုနှစ်အတွင်းနန်စေးကျွန်းစုရှိ နေရာ၃ခုတွင် အီလက်ထရွန်နစ် တိုက်ခိုက်ရေးတပ်ဖွဲ့များ ချထားလျက်ရှိသည်။

၂၀၂၃ခုနှစ်ထိုင်ဝမ်နှင့်အနီးဆုံးဂျပန်ကျွန်းယိုနာဂူနီသို့တပ်ဖွဲ့တစ်ဖွဲ့ပို့ဆောင်မည်ဖြစ်သည်။

ယိုနာဂူနီသည်၂၀၁၆ခုနှစ်ကတည်းကစစ်သား၁၆၀ခန့်ရှိသောစစ်အခြေစိုက်စခန်းတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly