လာအိုနိုင်ငံ ကြွေးမြီ များပြားလာသည့် ဖိအားဒဏ်ကို ခံနေရပြီး အကြွေးအများစုက တရုတ်ကို ဆပ်ရမည်

လာအိုနိုင်ငံ ကြွေးမြီ များပြားလာသည့် ဖိအားဒဏ်ကို ခံနေရပြီး အကြွေးအများစုက တရုတ်ကို ဆပ်ရမည်

လာအိုနိုင်ငံတွင် နိုင်ငံခြားအရန်ငွေ ပြတ်လပ်မှုဆိုးရွားစွာ ကြုံတွေ့နေရပြီး တရုတ်ကို ကြွေးမြီမြောက်မြားစွာ ပေးရမည်ဖြစ်ခြင်းကြောင့် လာအို၏လိုငွေပြမှု နှစ်ထပ်ကွင်းခံစားနေရသဖြင့် လာအို၏ စီးပွားရေးအခြေအနေမှာ ပိုမိုဆိုးရွားလာနေကြောင်းထိုင်းနိုင်ငံKrungsri Research မှအကြီးတန်း စီးပွားရေးပညာရှင်တစ်ဦးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာအိုမှာ  နိုင်ငံခြားအရန်ငွေနည်းပါးနေချိန်သလို  ဘဏ္ဍာရေးလိုငွေပြမှုဒဏ်ကို ခံစား နေရ ပါတယ်”ဟု ထိုင်းနိုင်ငံKrungsri Research မှအကြီးတန်းစီးပွားရေးပညာရှင်ဆာတစ်က ပြောကြားခဲ့ကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။

 အခြားထုတ်ပြန်ချက်တစ်ခုတွင်၊ US Bradley Parksရှိ William & Mary ကောလိပ်မှ သုတေသနဓာတ်ခွဲခန်း တစ်ခုဖြစ်သည့် AidDataမှအမှုဆောင်ဒါရိုက်တာက လာအိုသည် ၂၀ဝဝပြည့်နှစ်မှ၂၀၁၇ခုနှစ်အတွင်း တရုတ်မှချေးယူခဲ့သည့် တရားဝင်ကြွေးမြီ အမေရိကန်ဒေါ်လာ၅ဒသမ၅၇ဘီလီယံရှိသည်ဟုဆိုသည်။
 
အကျိုးဆက်အနေဖြင့် လာအို၏ "တရုတ်သို့ဆပ်ရမည့်ကြွေးမြီသည်ခန့်မှန်းခြေအားဖြင့် အမေရိကန် ဒေါ်လာ၁၂ဒသမ၂ဘီလီယံ သို့မဟုတ် ဂျီဒီပီ၏ ၆၄ဒသမ၈ရာခိုင်နှုန်း" ရှိသည်ဟု Parks က Nikkei Asia သို့ပြောကြားခဲ့သည်။
 
မေလအစောပိုင်းတွင် လာအိုအစိုးရသည် လက်ရှိစီးပွားရေးအကျပ်အတည်းကို ဖြေရှင်းရန် သက်ဆိုင်ရာ အေဂျင်စီများ၊ ပုဂ္ဂလိကဘဏ်များနှင့်ဆွေးနွေးရန် နိုင်ငံ၃နိုင်ငံမှ သံအမတ်ကြီးများကိုလည်း ဖိတ်ကြား ခဲ့ကြောင်း လာအိုအစိုးရဝန်ကြီးဌာနများစွာတွင် လုပ်ကိုင်နေသော လာအိုအထူးကျွမ်းကျင်သူ ဂျပန်ပညာရှင်ယာမာဒါက ပြောကြားခဲ့သည်။

“ဆွေးနွေးပွဲရလဒ်နဲ့အကြောင်းအရာကို မသိရသေးပေမယ့် လာအိုကိုကူညီရာမှာ တရုတ်သာမက ဗီယက်နမ်နဲ့ ရုရှားတို့လည်း ပါဝင်လာဖွယ်ရှိနေပါတယ်”ဟု၎င်းကဆိုသည်။

 သို့သော် တရုတ်တစ်နိုင်ငံတည်းက အကြီးမားဆုံးငွေထုတ်ချေးပေးသည့် နိုင်ငံဖြစ်နေပြီး လာအိုသည် "ဖွံ့ဖြိုးမှုအနည်းဆုံး" နိုင်ငံ၁၇နိုင်ငံအနက် တစ်နိုင်ငံဖြစ်ခြင်းကြောင့် ကျွမ်းကျင်သူများအကြား ကွဲလွဲမှုများ ဆက်လက်ရှိနေသည်။

 ပြိုကျနေသည့် ပြည်တွင်းသုံးငွေကြောင့်လာအိုတွင် ဆိုးရွားသောနိုင်ငံခြားအရန်ငွေပြတ်လပ်မှုနှင့် ပတ်သက်၍ ထိုင်းလေ့လာသုံးသပ်သူများကိုသတိပေးနေပြီးလက်ရှိတွင်ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ဒသမ၃ဘီလီယံခန့် သာ လက်ကျန်ရှိတော့သည်။ 

ယင်းပမာဏသည် သွင်းကုန်များအတွက် ၂ ဒသမ ၂ လကိုသာ လောက်ငှမည်ဟု သတင်းရင်းမြစ်များကို ကိုးကားပြီး Nikkei Asia က ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly