ရှီကျင့်ဖျင်၏ တရုတ်အစိုးရက လုပ်ကြံသတင်းများကို ဖန်တီးရာတွင် ဖိအားပေးသည့် နည်းဗျူဟာများကို အသုံးပြုနေ

ရှီကျင့်ဖျင်၏ တရုတ်အစိုးရက လုပ်ကြံသတင်းများကို ဖန်တီးရာတွင် ဖိအားပေးသည့် နည်းဗျူဟာများကို အသုံးပြုနေ

သမ္မတရှီကျင့်ဖျင်လက်ထက်တွင်တရုတ်အစိုးရသည်မီဒီယာများနှင့်သတင်းဖတ်သူများကိုလွှမ်းမိုးရန် ဖိအားပေး သည့် နည်းဗျူဟာများကို အသုံးပြုကာ သတင်းအကြောင်းအရာများကို ပုံသွင်းရန်နှင့် ဝေဖန်သည့် သတင်းများကိုဖိနှိပ်ရန် ယင်း၏လှုပ်ရှားမှုကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း အမေရိကန် အခြေစိုက်ပညာရှင်အဖွဲ့ဖြစ်သည့် Freedom House ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

"ပင်မမီဒီယာများမှတဆင့် တရုတ်အစိုးရ အကြောင်းအပြုသဘောဆောင်သည့် အကြောင်းအရာများကို အမြောက်အမြားဖြန့်ဝေခြင်း၊တရုတ်အစိုးရကိုဝေဖန်သည့်သတင်းသို့မဟုတ်အတွေးအမြင်များကိုဖော်ပြသည့် မီဒီယာများကိုနှောင့်ယှက်ခြိမ်းခြောက်ခြင်း၊ဆိုက်ဘာအကျပ်ကိုင်ခြင်း၊ဆိုရှယ်မီဒီယာအကောင့်အတုများ အသုံးပြုခြင်းနှင့်ပစ်မှတ်ထားသောမဟုတ်မမှန်လုပ်ကြံလှုံ့ဆော်မှုများသည်အဆိုပါနည်းဗျူဟာများထဲမှ တစ်ခုဖြစ်ပြီး၊ယင်းတို့ကို၂၀၁၉ခုနှစ်မှစတင်၍ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာခဲ့သည်”ဟု လည်း ရေးသားထားသည်။

အစဉ်အလာအများပြည်သူဆိုင်ရာစည်းရုံးရေးလက်နက်များကိုအသုံးပြုခြင်းအပြင်တရုတ်အစိုးရသည်လျှို့ဝှက်ပြုလုပ်ခြင်း၊အကျပ်ကိုင်ခြင်းနှင့်အကျင့်ပျက်ခြစားနိုင်သည့်အခြားနည်းလမ်းများစွာကိုအသုံးပြုနေသည်။

"မကြာသေးမီနှစ်များအတွင်းနိုင်ငံအများအပြားကခုခံဆန့်ကျင်ခဲ့ကြသော်လည်းတရုတ်အစိုးရ၏နည်းဗျူဟာများသည်တစ်ပြိုင်နက်တည်းပိုမိုခေတ်မီ၊ရန်လိုလာကာစုံစမ်းထောက်လှမ်းရန်ပိုမိုခက်ခဲလာသည်" ဟု အစီရင်ခံစာက ဆိုသည်။

အာဏာရှင်အစိုးရ၏ရင်းနှီးမြှုပ်နှံမှုသည်အချို့သောရလဒ်ကောင်းများရရှိခဲ့ပြီး၊တရုတ်အစိုးရပိုင်မီဒီယာများမှများ ပြားလှသောပရိသတ်များထံရောက်ရှိနိုင်သည့်လမ်းကြောင်းသစ်များချမှတ်ကာ တရုတ်ကွန်မြူနစ်ပါတီ (CCP) ကမနှစ်သက်သောအကြောင်းအရာများကိုကိုယ်တိုင်ဆင်ဆာဖြတ်ရန်လှုံ့ဆော်ပေးနေသည်ဟု၎င်းကဆိုသည်။

Freedom House ၏အစီရင်ခံစာအရ တရုတ်အစိုးရ၏ လုပ်ဆောင်ချက်များသည် သတင်းအချက်အလက်ဆိုင်ရာ အခြေခံအဆောက်အအုံ၏အဓိကအစိတ်အပိုင်းများကိုလွှမ်းမိုးနိုင်ခြင်းကြောင့်လုပ်ဆောင်ချက်များသည် ရေရှည်တွင် အကျိုးသက်ရောက်မှုရှိနိုင်ကြောင်းဆိုသည်။
 
ယင်းတိုးတက်မှုများ၏အနာဂတ်သက်ရောက်မှုကိုလျှော့မတွက်သင့်ပေ။

မီဒီယာပတ်ဝန်းကျင်နှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများမြင့်တက်နေချိန်တွင်အဆိုပါလမ်းကြောင်းသည် လာမည့် နှစ်များအတွင်းနောက်ထပ်နိုင်ငံများသို့ ထိုးဖောက်လာဖွယ်ရှိကြောင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly