တရုတ်က စွမ်းအင်ရင်းမြစ်သစ်များ တွေ့ရှိထားသည့် လပေါ်သို့ သွားသည့် ခရီးစဉ်များ ပိုမိုလုပ်ဆောင်ရန် စီစဉ်ထား

တရုတ်က စွမ်းအင်ရင်းမြစ်သစ်များ တွေ့ရှိထားသည့် လပေါ်သို့ သွားသည့် ခရီးစဉ်များ ပိုမိုလုပ်ဆောင်ရန် စီစဉ်ထား

တရုတ်သည် လနမူနာများတွင် စွမ်းအင်ရင်းမြစ်အဖြစ် အသုံးပြုနိုင်သည့် ဓာတ်သတ္တုတစ်မျိုးကို ရှာ ဖွေတွေ့ရှိပြီးနောက် လကမ္ဘာသို့ ခရီးစဉ် ၃ ခုကို သွားရောက်ရန်   စီစဉ်လျက်ရှိသည်။
 
တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲရေးအဖွဲ့က အာကာသအစီအစဉ် အရှိန်မြှင့်တင်မှု တစ်စိတ်တစ်ပိုင်း အနေဖြင့် လာမည့်ဆယ်စုနှစ်အတွင်း လူလိုက်ပါခြင်းမရှိသော လစူးစမ်းရေးယာဉ် ၃ စင်းကို လွှတ်တင် သွားမည်ဖြစ်ကြောင်း သီတင်းပတ်ကုန်က ကြေညာခဲ့သည်။ 

တရုတ်နိုင်ငံပိုင် အာကာသအေဂျင်စီသည် တန်ဖိုးကြီး လပေါ်မှ သယံဇာတအဖြစ် သက်သေပြနိုင်သည့် ဟီလီယမ်-၃ ပါဝင်သော ဖော့စဖိတ် ဓာတ်သတ္တု Changesite-(Y) ကို ရှာဖွေတွေ့ရှိကြောင်း ကြေညာပြီးနောက် တစ်ရက်အကြာတွင် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Changesite-(Y) သည် လပေါ်၌ လူသားများတွေ့ရှိသည့် ဆဋ္ဌမမြောက် သတ္တုသစ်ဖြစ်ပြီး အမေရိကန်နှင့် ရုရှားတို့တွေ့ရှိပြီးနောက် တရုတ်က တတိယမြောက်တွေ့ရှိသည့်နိုင်ငံဖြစ်လာသည်။

လမျက်နှာပြင်မှ ကျောက်တုံးများနှင့်ဖုန်မှုန့်များကို ယူဆောင်ခဲ့သည် ၂၀၂၀ ခုနှစ်က လွှတ်တင်ခဲ့သော Chang-e-5 လမစ်ရှင်မှ Changesite-(Y)ဓာတ်သတ္တုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

လမျက်နှာပြင်သို့ လူသားများ ရောက်ရှိရန်ဟူသော နာဆာ၏ရည်ရွယ်ချက်နှင့်အပြိုင် တရုတ်ကလည်း ရည်မှန်းချက်ကြီးမားသော အာကာသအစီအစဉ်များရှိပြီးဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က တရုတ်အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) သည် အနာဂတ် လကမ္ဘာနှင့် အင်္ဂါဂြိုဟ် မစ်ရှင်များအတွက် အသုံးပြုမည့် ဒုံးပျံအင်ဂျင်အသစ်ကို မြေပြင်စမ်းသပ်မှု တစ်ခုပြုလုပ်ခဲ့ပြီး "ပြီးပြည့်စုံသော အောင်မြင်မှု" ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly