သမ္မတရှီအပေါ် သစ္စာစောင့်သိကြောင်းပြသရန် ကိုဗစ် ပိတ်ဆို့ထိန်းချုပ်မှုများကို နောက်ထပ်မြို့ကြီးများတွင် ပြုလုပ်မည်

သမ္မတရှီအပေါ် သစ္စာစောင့်သိကြောင်းပြသရန် ကိုဗစ် ပိတ်ဆို့ထိန်းချုပ်မှုများကို နောက်ထပ်မြို့ကြီးများတွင် ပြုလုပ်မည်

တတိယသက်တမ်း ရယူနိုင်ဖွယ်ရှိသည့် သမ္မတ ရှီကျင့်ဖျင်အား သစ္စာစောင့်သိမှုကို ပြသမှုအဖြစ် သူ၏ ပါတီမှ လုပ်သားများနှင့် တာဝန်ရှိသူများက ကိုဗစ်ကူးစက်ရောဂါအား နှိမ်နှင်းရေးတွင် အစွမ်းကုန် လုပ်ဆောင်လျက်ရှိရာတွင် တရုတ်ကွန်မြူနစ်ပါတီ၏၂၀ ကြိမ်မြောက် အမျိုးသားညီလာခံမတိုင်မီ နိုင်ငံတစ်ဝန်းကို ကန့်သတ်ပိတ်ဆို့မှုများကို တိုးချဲ့ ပြုလုပ်သွားမည့် အခြေအနေတွင် ရှိနေသည်။

အခြားနိုင်ငံများက နေ့စဉ်ပုံမှန်ဘဝနေထိုင်မှုအတိုင်းရှိနေချိန်တွင်တရုတ်သည်ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆက်လက်ကိုင်ဆွဲနေသေးကြောင်း ဟောင်ကောင်ပို့စ် (HKP) ကဖော်ပြခဲ့သည်။

တရုတ်ဘဏ္ဍာရေးမဂ္ဂဇင်း Caixinကိုကိုးကား၍ CNN ၏ ဖော်ပြချက်အရ လက်ရှိတွင်မြို့ပေါင်း၃၃မြို့သည် တစ်စိတ်တစ်ပိုင်းသို့မဟုတ်အလုံးစုံပိတ်ဆို့ကန့်သတ်မှုအောက်တွင်ရှိနေသည်။လာမည့်ရက်သတ္တပတ်များအတွင်းနောက်ထပ်မြို့များထပ်တိုးလာဖွယ်ရှိသည်ဟုကျွမ်းကျင်သူများကဆိုသည်။

များပြားသောကူးစက်မှုများပေါ်ပေါက်လာပါက တရုတ်ကွန်မြူနစ်ပါတီ၏ အောင်ပွဲခံပုံရိပ်ကို ထိခိုက်နိုင်ကာ တရုတ်သမ္မတရှီကျင့်ဖျင်၏ တတိယသက်တမ်းရယူမည့်အိပ်မက်ကို ထိခိုက်စေမည်ဟု ကျွမ်းကျင်သူများက ယူဆကြသည်။

ရှန်းကျန့်ရှိတာဝန်ရှိသူများကမြို့လယ်ရှိမြေအောက်ရထားနှင့်ဘတ်စ်ကားဝန်ဆောင်မှုများကိုရပ်ဆိုင်းထားရန် အမိန့် ထုတ်ပြန်ခဲ့ပြီးနေထိုင်သူများအားနေအိမ်များတွင်သာနေရန်ပြောကြားခဲ့သည်။

မြို့တွင်နေထိုင်သူ၁၈သန်း၏၉၀ရာခိုင်နှုန်းခန့်သည်ကိုဗစ်စမ်းသပ်မှုများကိုခံယူကြရသည်။

အာဏာပိုင်များက "ရရှိနိုင်သမျှအရင်းအမြစ်များ၊ တပ်ဖွဲ့များကိုစုစည်းပြီးဖြစ်နိုင်သမျှသော အစီအမံ အားလုံးကိုပြုလုပ်ရန်" ကတိကဝတ်ပြုထားပြီးကူးစက်ရောဂါကိုတိုက်ဖျက်မည်ဖြစ်ကြောင်း HKP မှဖော်ပြခဲ့သည်။

တရုတ်အနောက်တောင်ပိုင်းစီချွမ်ပြည်နယ်၏လူဦးရေ၂၁သန်းရှိသောမြို့တော်ချန်ဒူးတွင်စက်တင်ဘာ ၁ရက်အစောပိုင်းတွင် နေထိုင်သူများအား PCR စမ်းသပ်မှုပြုလုပ်ခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက စက်တင်ဘာ၁ရက်တွင်ပြောကြားခဲ့သည်။

တရုတ်တစ်နိုင်ငံလုံးတွင် ကပ်ရောဂါစတင်ဖြစ်ပွားပြီးနောက်ပိုင်း ကိုဗစ်-၁၉ကူးစက်ခံရသူ ၆သန်းကျော်ကို စာရင်းသွင်းထားပြီးဆက်စပ်သေဆုံးသူ၂၄၈၀၆ဦးရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required