လော့စ်အိန်ဂျလိစ်အသင်းရဲ့ ဘေးလ်ဂျာစီက မေဂျာလိဂ်ရဲ့ အရောင်းရဆုံး ဂျာစီဖြစ်

လော့စ်အိန်ဂျလိစ်အသင်းရဲ့ ဘေးလ်ဂျာစီက မေဂျာလိဂ်ရဲ့ အရောင်းရဆုံး ဂျာစီဖြစ်

ဝေးလ်အသင်းခေါင်းဆောင် ဂါရတ်ဘေးလ် မေဂျာလိဂ် (Major League Soccer) ကို ရောက်ရှိတာ အချိန် ၃ လမပြည့်သေးခင် သူ့ရဲ့လော့စ်အိန်ဂျလိစ်အသင်း ဂျာစီဟာ MLSstore.com မှာ အရောင်းရဆုံးဖြစ်တယ်လို့ လိဂ်က တနင်္လာနေ့က ပြောပါတယ်။

မေဂျာလိဂ်ဟာ တရားဝင် Adidas ထုတ်ကုန်ရဲ့ ထိပ်တန်း အရောင်းရဆုံး ၂၅ ဦးကို ကြေညာရာမှ ကိန်းဂဏန်းတွေကို ထုတ်ပြန်တာ မရှိပေမယ့်လည်း ၎င်းတို့ဟာ ရာသီစတင်ချိန်ကနေ စက်တင်ဘာလ ၁ ရက်နေ့အထိ အချက်အလက်စုစည်းထားတာဖြစ်တယ်လို့ ပြောပါတယ်။

ချန်ပီယံလိဂ် ၅ ကြိမ်ရ ဘေးလ်ဟာ ရီးယဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာပြီးနောက် ဇွန်လနှောင်းပိုင်းမှာ လော့စ်အိန်ဂျလိစ်အသင်းနဲ့ စာချုပ်ခဲ့ပြီး သူ့ရဲ့ပထမဆုံး မေဂျာလိဂ်ပွဲစဉ်ကို ဇူလိုင် ၁၇ ရက်က ကစားခဲ့ပါတယ်။

ဒါပေမယ့် ဝေးလ်အသင်းကို ၁၉၅၈ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရအောင် ကူညီခဲ့တဲ့ အသက် ၃၃ နှစ်ကစားသမားဟာ မေဂျာလိဂ် ပရိသတ်တွေကို စွဲဆောင်နိုင်ခဲ့ပြီး ချားလတ်အသင်းနောက်ခံလူ Christian Fuchs နဲ့ လော့စ်အိန်ဂျလိစ်အသင်းဖော် ကာလို့စ်ဗီလာတို့ရဲ့ ဂျာစီတွေထက် သူ့ရဲ့ ဂျာစီက အရောင်းရဆုံးစာရင်း ထိပ်ဆုံးမှာ ရပ်တည်နေတာပါ။

လိဂ်ရဲ့ ဒုတိယအပြောင်းအရွှေ့ကာလမှာ ဝါရင့်အီတလီနှင့်ဂျူဗင်တပ်နောက်ခံလူ ချီလီနီကိုလည်း ခေါ်ယူချုပ်ဆိုခဲ့တဲ့ လော့စ်အိန်ဂျလိစ်အသင်းဟာ မေဂျာလိဂ်ဖလားပြိုင်ပွဲ playoff ကစားဖို့ ရရှိထားပြီးဖြစ်ပါတယ်။

လော့စ်အိန်ဂျာလိစ်အသင်းဟာ ရမှတ် ၆၀ နဲ့ Western Conference (MLS)ကို ဦးဆောင်နေပြီး အကောင်းဆုံး ပုံမှန်ရာသီမှတ်တမ်းအဖြစ် ကလပ်အသင်းကို ချီးမြှင့်တဲ့ Supporters' Shield အတွက် ပြေးလမ်းမှာ ဖီလာဒဲလ်ဖီးယားယူနီယံအသင်းရဲ့ နောက် ၃ မှတ်အကွာမှာ ရှိနေပါတယ်။

လော့စ်အိန်ဂျာလိစ်အသင်းဟာ အင်္ဂါနေ့မှာ မင်နီဆိုတာအသင်းကို အနိုင်ရပါက Western Conference (MLS) ကို ထိပ်ဆုံးအသင်းအဖြစ် ရယူနိုင်ပါမှာ ဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly