'အိမ်လို ခံစားရတယ်' - သောမတ်တူချယ်၊ ချယ်လ်ဆီးထုတ်ပယ်ခံရမှုကြောင့် 'စိတ်ပျက်'

'အိမ်လို ခံစားရတယ်' - သောမတ်တူချယ်၊ ချယ်လ်ဆီးထုတ်ပယ်ခံရမှုကြောင့် 'စိတ်ပျက်'

ချယ်လ်ဆီးအသင်းနည်းပြအဖြစ် သူ့ရဲ့အချိန်တွေက အချိန်မတန်သေးဘဲ ကုန်ဆုံးသွားတဲ့အတွက် “စိတ်ပျက်မိတယ်”လို့ သောမတ်တူချယ်က ပြောပါတယ်။

ချယ်လ်ဆီးကို ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ဖလားနဲ့ ဖေဖော်ဝါရီလက ကလပ်ကမ္ဘာ့ဖလားပါရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဂျာမန်သားဟာ အင်္ဂါနေ့ညက ဒိုင်နမိုဇာဂရက်ကို ရှုံးနိမ့်အပြီး ဗုဒ္ဓဟူးနေ့မှာပဲ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါဟာ ပိုင်ရှင်သစ် တော့ဒ်ဘိုလီနဲ့  သူ့ရဲ့ဆက်ဆံရေး ဆိုးရွားတဲ့ သတင်းတွေကြားထဲကနေ ထုတ်ပယ်ခံရတာပါ။

“ဒါဟာ ကျနော် ရေးဖူးသမျှ အခက်ခဲဆုံး ထုတ်ပြန်ချက်တွေထဲက တစ်ခုဖြစ်ပြီး ဒါကို နှစ်ပေါင်းများစွာ လုပ်စရာ မလိုတော့ဘူးလို့ ကျနော် မျှော်လင့်ထားပါတယ်”လို့ အသက် ၄၉ နှစ်ရှိ နည်းပြက တနင်္ဂနွေညနေပိုင်းက တွစ်တာမှာ ရေးတင်ခဲ့ပါတယ်။

“ချယ်လ်ဆီးမှာရှိနေတဲ့ ကျနော့်ရဲ့အချိန်တွေ ကုန်ဆုံးသွားတဲ့အတွက် စိတ်ပျက်မိပါတယ်။ ဒါက ပရော်ဖက်ရှင်နယ်နဲ့ ပုဂ္ဂိုလ်ရေးအရရော အိမ်တစ်အိမ်လို ခံစားခဲ့ရတဲ့ ကလပ်တစ်ခုပါ။

“ကျနော့်ကို စရောက်ကတည်းက လှိုက်လှိုက်လှဲလှဲကြိုဆိုပြီးကူညီခဲ့တဲ့ ဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

“အသင်းကို ချန်ပီယံလိဂ်ဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မှုဟာ ကျနော်နဲ့အတူ ထာဝရရှိနေမှာပါ။

“ဒီကလပ်သမိုင်းမှာ တစ်စိတ်တစ်ပိုင်းပါဝင်ခွင့်ရလို့ ဂုဏ်ယူမိပြီး ပြီးခဲ့တဲ့ ၁၉ လအတွင်းက အမှတ်တရတွေက ကျနော့်ရင်ထဲမှာ အထူးနေရာတစ်ခု အမြဲရှိနေမှာပါ။”

ချယ်လ်ဆီးအသင်းဟာ ကြာသပတေးနေ့ နေ့လယ်ပိုင်းမှာ ဂရေဟမ်ပေါ်တာကို ၅ နှစ်စာချုပ်နဲ့ တူချယ်ရဲ့ နေရာမှာ အစားထိုး ခန့်အပ်ကြောင်း အတည်ပြုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly