ဗယ်လ်ဗာဒီကို အနာဂတ် ရီးယဲလ်အသင်းရဲ့ ဦးဆောင်သူအဖြစ် အန်ဆယ်လော့တီ ထောက်ပြ

ဗယ်လ်ဗာဒီကို အနာဂတ် ရီးယဲလ်အသင်းရဲ့ ဦးဆောင်သူအဖြစ် အန်ဆယ်လော့တီ ထောက်ပြ

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ဖီဒါဗယ်လ်ဗာဒီဟာ လာမယ့်နှစ်တွေအတွင်း လော့စ်ဘလန်ကို့စ်ရဲ့ ဦးဆောင်သူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ရီးယဲလ်ဟာ မာယော့ကာကို အိမ်ကွင်းမှာ ၄-၁ ဂိုးနဲ့ အနိုင်ရရှိမှုနဲ့အတူ ၂၀၂၂-၂၃ ရာသီမှာ လာလီဂါချန်ပီယံကာကွယ်မှုအတွက် ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့ပြီး အသင်းက အန်ဆယ်လော့တီအတွက် လိဂ်ပွဲ ၅ ပွဲစလုံးအနိုင်ရရှိစေခဲ့ပါတယ်။

ဧည့်သည်အသင်းနဲ့ ယှဉ်ပြိုင်ရာမှာ မကြာခဏဆိုသလို ရုန်းကန်နေရပေမယ့် ဗယ်လ်ဗာဒီရဲ့ အစောပိုင် ချေပဂိုးနဲ့ ဥရုဂွေးလက်ရွေးစင်ကစားသမားရဲ့ ခြေစမ်းပြမှုက အိမ်ရှင်အသင်းအတွက် နိုင်ပွဲကို ဦးတည်စေခဲ့တာပါ။

ဗယ်လ်ဗာဒီဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း အန်ဆယ်လော့တီအတွက် အဓိက ကစားသမားဖြစ်လာခဲ့ပြီး ကွင်းလယ်မှာ နေရာစုံကစားနိုင်ကာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး လျင်မြန်စွာ တိုက်စစ်နိုင်တဲ့
ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ပွဲအပြီး မာကာနဲ့ အင်တာဗျူးမှာ အန်ဆယ်လော့တီက “သူက ဦးဆောင်သူတစ်ယောက်ဖြစ်ပြီး ဖယ်ဒရီဂိုက ကျနော်တို့အတွက် အရမ်းအရေးပါပါတယ်”လို့ ပြောပါတယ်။

"သူက အရမ်းတော်တယ်၊ အရမ်းနှိမ့်ချတယ်၊ ဒါက သူ့ကို အနာဂတ်မှာ ဦးဆောင်သူဖြစ်ဖို့ ကူညီပေးနိုင်တယ်။"

အန်ဆယ်လော့တီရဲ့ အသင်းဟာ နောက်တစ်ပတ် ကြားရက်မှာ စပိန်မြို့တော်မှာ လိုက်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကစားအပြီး သီတင်းပတ်ကုန်မှာ မြို့တွင်းပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်နဲ့ အဝေးကွင်းမှာ ပြန်လည်ကစားရမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly