တရုတ်ကားလုပ်ငန်း BYD က ထိုင်းတွင် လျှပ်စစ်ကား စက်ရုံတည်ထောင်မည်

တရုတ်ကားလုပ်ငန်း BYD က ထိုင်းတွင် လျှပ်စစ်ကား စက်ရုံတည်ထောင်မည်

တရုတ်လျှပ်စစ်ကား  ထုတ်လုပ်ရေးလုပ်ငန်း BYD သည် ၂၀၂၄ခုနှစ်မှစတင်၍ တစ်နှစ်လျှင် ခရီးသည်တင်ကား တစ်သိန်းခွဲကို ထိုင်းနိုင်ငံတွင် စတင်ထုတ်လုပ်ရန်စက်ရုံ တစ်ခုတည်ထောင်မည်ဖြစ်ကြောင်း စက်တင်ဘာ ၉ရက်တွင် ကြေညာလိုက်သည်။

ထို်ငးပင်လယ်ကွေ့ အရှေ့ဘက်ကမ်းရိုးတန်းရှိ ရာရောင်းခရိုင် အရှေ့ပိုင်းရှိမြေ၉၆ဟက်တာ (၂၃၇ဧက) ဝယ်ယူရေး သဘောတူညီချက်ကို ထိုင်းစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ WHA Group (WHA.BK) နှင့် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

EV များထုတ်လုပ်ရန်ဘတ်၁၇ဒသမ၉ဘီလီယံ (ဒေါ်လာ၄၉၁သန်း) စီမံကိန်းကို ထိုင်းရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က သြဂုတ်လတွင် အတည်ပြုခဲ့သည်။

အဆိုပါ တရုတ် ကားကုမ္ပဏီက   ထိုင်းတွင် ကားအစီးရေတစ်သောင်း ရောင်းချပြီး အရှေ့တောင်အာရှနှင့် ဥရောပနိုင်ငံများသို့တင်ပို့ရန်ရည်မှန်းထားသည်။

BYD သည် အမေရိကန်၊ဘရာဇီး၊အိန္ဒိယနှင့် အခြားနေရာ၃၀ကျော်တွင် တည်ထောင်ပြီး ယခုနောက်ဆုံး ထိုင်းတွင် လုပ်ငန်း စတင်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

ထိုင်းသည်တိုယိုတာနှင့် ဟွန်ဒါအပါအဝင်ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်ရေး လုပ်ငန်းများအတွက် ဒေသတွင်း မော်တော်ယာဉ်များ ထုတ်လုပ်မှုနှင့်ပို့ကုန် အခြေစိုက်စခန်းတစ်ခုဖြစ်ပြီး မကြာသေးမီကမှ EV ထုတ်လုပ်သူများအားဆွဲဆောင်ရန်အခွန်လျှော့ချခြင်းနှင့်ထောက်ပံ့ကြေးများအပါအဝင်မက်လုံးပေး ကမ်းလှမ်းခဲ့ သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required