တရုတ်ဗဟိုဘဏ်သည်ယွမ်ငွေတန်ဖိုးကျဆင်းမှုကိုလျော့ချစေရ်န နိုင်ငံခြားအရန်ငွေကိုလျော့ချမည်

တရုတ်ဗဟိုဘဏ်သည်ယွမ်ငွေတန်ဖိုးကျဆင်းမှုကိုလျော့ချစေရ်န နိုင်ငံခြားအရန်ငွေကိုလျော့ချမည်

တရုတ်ဗဟိုဘဏ်သည်ယွမ်ငွေတန်ဖိုးကျဆင်းမှုကိုလျော့ချစေရန်ရည်ရွယ်သည့်လုပ်ဆောင်ချက်တစ်ခုအဖြစ်ငွေကြေးအဖွဲ့အစည်းများထိန်းသိမ်းထားရမည့်နိုင်ငံခြားအရန်ငွေကိုလျော့ချမည်ဖြစ်ကြောင်းစက်တင်ဘာ၅ရက်တွင်ပြောကြားလိုက်သည်။

တရုတ်ပြည်သူ့ဘဏ်(PBOC)သည်စက်တင်ဘာ၁၅ရက်မှစ၍နိုင်ငံခြားအရန်ငွေလိုအပ်ချက် (RRR) ကို၈ရာခိုင်နှုန်းမှ၆ရာခိုင်နှုန်းသို့လျှော့ချမည်ဟုအွန်လိုင်းထုတ်ပြန်ချက်တစ်ခုကဖော်ပြခဲ့သည်။

PBOC ကအဆိုပါလျှော့ချမှုသည်နိုင်ငံခြားငွေအရင်းအနှီးကိုအသုံးပြုရာတွင်ငွေကြေးဆိုင်ရာအဖွဲ့အစည်းများ၏စွမ်းရည်ကိုမြှင့်တင်ရန်ရည်ရွယ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တရုတ်ယွမ်သည်မကြာသေးမီက၂နှစ်တာကာလအတွင်းအနိမ့်ဆုံးသို့ကျဆင်းသွားပြီးနောက်ယင်းလုပ်ဆောင်ချက်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ကမ္ဘာ့ဈေးကွက်များတွင်ဒေါ်လာအားကောင်းမှုနှင့်တရုတ်၏ဆိုးရွားလာသောစီးပွားရေးနှေးကွေးမှုတို့ကြောင့်ယွမ်ငွေသည်ယခုနှစ်တွင်ဒေါ်လာနှင့်ယှဉ်လျှင်၈ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့သည်။

အရန်လိုအပ်ချက်များလျှော့ချခြင်းသည်ဒေါ်လာငွေဖြစ်လွယ်မှုကိုမြှင့်တင်ပေးမည်ဖြစ်သည်။

ဇူလိုင်လကုန်ပိုင်းအချက်အလက်များအရနိုင်ငံခြားအရန်ငွေဒေါ်လာ၉၅၃ဒသမ၇ဘီလီယံရှိပြီး၊ ယခုလျော့ချမှုကဒေါ်လာ၁၉ဘီလီယံအထိလျော့ချပေးမည်ဖြစ်သည်။

"နယ်စပ်ဖြတ်ကျော်ဖြတ်မှုတွေနဲ့နှိုင်းယှဉ်ရင်ဒါကကြီးမားတဲ့ပမာဏမဟုတ်ပါဘူး။”ဟု OCBC ဘဏ်မှအတိုးနှုန်းဆိုင်ရာမဟာဗျူဟာပညာရှင်ဖရန့်စ်ချန်ကပြောကြားခဲ့သည်။

“ခုချိန်အထိဗဟိုဘဏ်ကပေးပို့တဲ့အချက်တွေကိုဈေးကွက်ကသတိထားနေပါတယ်။

PBOC ထုတ်ပြန်ချက်အပြီးတွင်ကုန်းတွင်းနှင့်ကမ်းလွန်ယွမ်နှစ်ခုစလုံးသည် pips ၂၀ဝခန့်ခေတ္တပြန်တက်လာပြီးယင်းတို့၏အစောပိုင်းဆုံးရှုံးမှုအချို့ကိုကာမိစေခဲ့သည်။

လျော့ချမှုကိုမျှော်လင့်ထားပြီးဖြစ်ကြောင်းနှင့်ယွမ်ငွေလျင်မြန်စွာကျဆင်းမှုမှာနှစ်သက်ဖွယ်မဟုတ်ကြောင်းဈေးကွက်သို့အချက်ပြမှုတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းအချို့သောကုန်သည်များနှင့်လေ့လာသုံးသပ်သူများကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly