တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင်ငလျင်ကြောင့်သေဆုံးသူ ၈၆ဦးအထိ ရှိလာ

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင်ငလျင်ကြောင့်သေဆုံးသူ ၈၆ဦးအထိ ရှိလာ

တရုတ်နိုင်ငံအနောက်တောင်ပိုင်းစီချွမ်ပြည်နယ်တွင်ပြင်းအား၆ဒသမ၈ပြင်းအားရှိငလျင်လှုပ်ခတ်မှုကြောင့်သေဆုံးသူ၈၆ဦးအထိမြင့်တက်လာခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာကစက်တင်ဘာ၈ရက်တွင်ဖော်ပြထားသည်။

စီချွမ်ပြည်နယ်မြို့တော်ချန်ဒူအနောက်တောင်ဘက်၁၀ကီလိုမီတာ (၆မိုင်) အနက်တွင် ပြင်းအားရစ်ချ်တာစကေး၆ဒသမ၆အဆင့်ရှိမြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းစက်တင်ဘာ၅ရက်ဒေသစံတော်ချိန်၊အမေရိကန်ဘူမိဗေဒစစ်တမ်း (USGS) ကဖော်ပြခဲ့သည်။

ငလျင်၏ဗဟိုချက်မှာလူပေါင်းတစ်သိ်န်းနေထိုင်သည့်ကန်ဒန်း၏အရှေ့တောင်ဘက်၄၃ကီလိုမီတာ (၂၇မိုင်) အကွာတွင်ရှိကြောင်း USGS မှဖော်ပြခဲ့သည်။

လူ၂၇၀ထက်မနည်းဒဏ်ရာရခဲ့ပြီး၃၅ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း CCTV ကဖော်ပြခဲ့သည်။

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းတွင်အလယ်အလတ်ငလျင်လှုပ်ခတ်မှုကိုအနီးတစ်ဝိုက်တွင်နေထိုင်သူတစ်သန်းကျော်ရှိကိုခံစားခဲ့ရသည်။

ငလျင်ဗဟိုချက်အနီးလူတင်ကောင်တီသို့ကယ်ဆယ်ရေးလုပ်သားများစေလွှတ်ခြင်းနှင့်တရုတ်ကအဆင့်၃အရေးပေါ်တုံ့ပြန်မှုကိုစတင်ခဲ့ကြောင်းတရုတ်နိုင်ငံတော်ကောင်စီကပြောကြားခဲ့သည်။

ငလျင်ကြောင့်ဖြစ်ပေါ်ခဲ့သည့်မြေပြိုပြီးလမ်းပိတ်ဆို့နေသည့်လမ်းများကိုရှင်းလင်းရန်ကယ်ဆယ်ရေးသမားများကကူညီပေးနေကြောင်းတရုတ်ရုပ်သံ CGTN ကဖော်ပြခဲ့သည်။

လူဦးရေ၈၄သန်းရှိသောစီချွမ်ပြည်နယ်သည်အင်အားပြင်းငလျင်မလှုပ်မီကအလွန်ပူပြင်းသောနွေရာသီကိုကြုံတွေ့ခဲ့ရသည်။

ပြီးခဲ့သည့်၂လအတွင်းပြည်နယ်သည်မိုးခေါင်မှုနှင့်နှစ်ပေါင်း၆၀အတွင်းအဆိုးရွားဆုံးအပူလှိုင်းဒဏ်ကိုခံခဲ့ရသည်။

စီချွမ်ပြည်နယ်၏တောင်တန်းများကိုဖြတ်သန်းသွားနေသောLangmenshanပြတ်ရွှေ့ကြောင့်ကုန်းတွင်းပိတ်ဧရိယာသည်ငလျင်လှုပ်နိုင်ခြေများသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly