သစ်တောထိန်းဖို့ “ဆောက်ပုဒ်”နှင့်တကွ ဖြေပါလို့ ဆိုပြန်

သစ်တောထိန်းဖို့ “ဆောက်ပုဒ်”နှင့်တကွ ဖြေပါလို့ ဆိုပြန်

အခြေခံပညာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် စာမေးပွဲများကို မြန်မာတစ်နိုင်ငံလုံး ကျင်းပလျက်ရှိရာ မေးခွန်းများ ပေါက်ကြားမှု၊ မေးခွန်းများ မှားယွင်းမှု၊ စာလုံးပေါင်း သတ်ပုံများ မမှန်မှုများ ပေါ်ပေါက်နေရာ ဖေဖေါ်ဝါရီ ၂၂ ရက်က ကျင်းပသည့် ရှစ်တန်း တိုင်းစစ်မေးခွန်းတွင်လည်း သစ်တောများ ထိန်းသိမ်းရန် ဆောင်ပုဒ်နှင့်ဖြေပါဟု မေးရမည့်အစား “ဆောက်ပုဒ်” ဟု သုံးနှုန်း မေးမြန်ထားသည်ကို တွေ့ရသည်။

ဧရာဝတီတိုင်းတွင် မေးမြန်းသည့် သိပ္ပံဘာသာရပ် မေးခွန်းအပိုင်း(ခ) မေးခွန်းအမှတ်စဉ် (၇) မေးခွန်းခွဲ (ဂ) တွင် “သစ်တောများ ထိန်းသိမ်းကာကွယ်ရန် လိုအပ်ပုံကို ဆောက်ပုဒ်နှင့်တကွ ရေးသားပါ” ဟု ဖေါ်ပြမေးမြန်းခဲ့ခြင်းဖြစ်သည်။

ဖေဖေါ်ဝါရီ ၂၂ ရက်က ကျင်းပသည့် ပုဇွန်တောင်မြို့နယ် အခြေခံပညာ မူလတန်းကျောင်း အမှတ် (၇) ၏ အခန်းဆုံး စာမေးပွဲ စစ်ဆေးမှု မေးခွန်းငါးခုပါ တစ်မှတ်တန် မေးခွန်းတွင်လည်း “နွားများကို ဥတု ဘယ်နှပါးရှိသနည်း” မေးမြန်းထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်းက ကျင်းပခဲ့သည့် ပဲခူးတိုင်း ရှစ်တန်းစာမေးပွဲတွင်လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟု သုံးနှုန်း မေးမြန်းရမည့်အစား “တရုတ်ပြည်သူ့ သမ္မတ မြန်မာနိုင်ငံ” ဟု သုံးနှုန်းမေး မြန်းခဲ့သေးသည်။ အလားတူ မကွေးတိုင်းတွင် စစ်ဆေးသည့် ရှစ်တန်းစာမေးပွဲတွင်လည်း မေးခွန်းလွှာများ ဆက်တိုက်ပေါက်ကြားခဲ့သည်။

မေးခွန်းများ ပေါက်ကြားမှု၊ မှားယွင်းမေးမြန်းမှု၊ စာလုံးပေါင်းမမှန်မှုများ ဖြစ်ပေါ်နေချိန်နှင့် တိုက်ဆိုင်စွာပင် သူငယ်တန်းသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်မျိုးမြင့်ကြူက “သူငယ်တန်းသင်ရိုးသစ်နှင့် ဆရာများ၏ အခန်းကဏ္ဍ” ဟူသည့် ဆောင်းပါးကို မြဝတီ သတင်းစာတွင် ဖေဖေါ်ဝါရီလ ၂၂ ရက်က ဖေါ်ပြကာ ဆရာဆရာမများကို သတိပေးထားသည်။

၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ်အတွက် စနစ်သစ်သူငယ်တန်း သင်ရိုးသစ်များကို ပြောင်းလဲ သင်ကြားမည်ဖြစ်ပြီး “စနစ်သစ် သူငယ်တန်းကို လာမည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စတင် အကောင်အထည်ဖေါ် ဆောင်ရွက်တော့မည်ဖြစ်သည်။ အကောင်အထည်ဖေါ်မည်သူ ဆရာများ၏ အားနည်းချက်ကြောင့် စနစ်ကို မပျက်စီးစေလိုပါ။ အရည်အသွေးပြည့်ဝသော ပညာရေး ဖြစ်ခြင်း မဖြစ်ခြင်းသည် ဆရာများ၏ လက်ဝယ်တွင် ရှိနေကြာင်း ဆရာများကို စေတနာ အပြည့်ဖြင့် သတိပေးလိုပါသည်” ဟု ဆောင်းပါးရှင်က ရေးသားထားသည်။

 

ဆက်စပ်သတင်း - “နွားများကို ဥတု ဘယ်နှစ်ပါး ရှိသနည်း” ဟု မေး မည်သည့်အတွက် “မွေးဖြူး” သနည်း မှားယွင်းပြန် - See more at: http://mizzimaburmese.com/article/11490#sthash.t6oRStHb.dpuf

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags