တရုတ်က အီရတ်၏ လုံခြုံရေးဟာကွက်ကိုအသုံးချကာ အမြတ်အစွန်းများသောရေနံလုပ်ငန်းကို ထိန်းချုပ်ရန် ပြည်သူ့စစ်များနှင့်ပူးပေါင်း

တရုတ်က အီရတ်၏ လုံခြုံရေးဟာကွက်ကိုအသုံးချကာ အမြတ်အစွန်းများသောရေနံလုပ်ငန်းကို ထိန်းချုပ်ရန် ပြည်သူ့စစ်များနှင့်ပူးပေါင်း

ငွေကြေးလိုအပ်နေသောနိုင်ငံငယ်များကို အခွင့်အရေးယူရန်ကြိုးစားမှုကြောင့် နာမည်ကောင်းမရှိသည့် တရုတ်သည် ယခုအခါ အမေရိကန်ဆုတ်ခွာမှုကြောင့်ဖြစ်ပေါ်လာသော အီရတ်ရှိ လုံခြုံရေးဟာကွက်ကို အမြတ်ထုတ်အသုံးချနေကာ အကျိုးအမြတ်များသော ရေနံလုပ်ငန်းတွင် ခြေကုပ်ယူရန် ပြည်သူ့စစ်အဖွဲ့များနှင့် ပူးပေါင်းလျက်ရှိကြောင်း Washington Post က ဖော်ပြသည်။
 
ရေနံအပေါ် တရုတ်၏ ထိန်းချုပ်မှုတိုးလာခြင်းသည် ယခုအခါ သယံဇာတ ပေါကြွယ်ဝသော အီရတ်အတွက် စိုးရိမ်စရာ အကြောင်းရင်းတစ်ခု ဖြစ်လာနေသည်။

တရုတ်သည် ထိုနိုင်ငံများကို ထောင်ချောက်ဆင်ရန်  ပါးနပ်သော နည်းပရိယာယ်များကို အမြဲ အသုံးပြုကာ နောက်ပိုင်းတွင် ၎င်းတို့အား စီးပွားရေးအရ နစ်နာစေခဲ့ပြီး ယခုအခါ အနောက်အာရှနိုင်ငံကို ထိန်းချုပ်ရန် ကြိုးပမ်းရာတွင် အလားတူနည်းဗျူဟာကို အသုံးပြုနေသည်ဟု Washington Post  သတင်းစာက ဖော်ပြသည်။
 
တရုတ်က အရှေ့အလယ်ပိုင်းနိုင်ငံကို သိမ်းပိုက်ရန် ကြိုးပမ်းနေသည့်အပေါ် အီရတ်အစိုးရ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုထားသောကြောင့် အီရတ်တွင် ကြီးထွားလာသော တရုတ်တိုးချဲ့မှုသည် စိုးရိမ်စရာဖြစ်သည်။ 

မကြာသေးမီက အီရတ်နိုင်ငံ အရှေ့တောင်ပိုင်း မေဆန်မြို့ရှိ  တရုတ်ရေနံကုမ္ပဏီတစ်ခု၏ ဌာနချုပ်အနီးတွင် ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့သည်။

တရုတ်သည် ၂၀၂၁ ခုနှစ်တစ်နှစ်တည်းတွင်ပင် အီရတ်၏ ဆောက်လုပ်ရေးကဏ္ဍ၌ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံတန်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း Financial Times က ရေးသားခဲ့သည်။

တရုတ်နိုင်ငံသို့ ရေနံတတိယအများဆုံး တင်ပို့သည့် အီရတ်နိုင်ငံသည် အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ရရှိရန် စိတ်အားထက်သန်လျက်ရှိသည်။ အကြောင်းမှာ အကျင့်ပျက် ခြစားမှုများနှင့် အမေရိကန်မဟာမိတ်များနှင့်အနောက်နိုင်ငံများ၏ အကျိုးစီးပွားများကို ပစ်မှတ်ထားသော (အီရန်သစ္စာခံ) ပြည်သူ့စစ်များကြောင့် အမေရိကန်နှင့် ဥရောပကုမ္ပဏီများသည် အီရတ်တွင် ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်နေသောကြောင့်ဖြစ်သည်။

တရုတ်သည် အီရတ်နှင့် တက်ကြွစွာ ချိတ်ဆက်ဆက်သွယ်ဆောင်ရွက်နေဆဲဖြစ်သောကြောင့် အမေရိကန်၊ အီရန်နှင့် တူရကီတို့သည် အနောက်အာရှဒေသတွင် တရုတ်ဩဇာကြီးမားလာမှုအပေါ် မျက်ခြည်မပျက် စောင့်ကြည့်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly