တရုတ်စစ်လေယာဉ် ၄ စင်းနှင့် ရေတပ်သင်္ဘော ၅ စင်း ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

By ANI
10 September 2022
တရုတ်စစ်လေယာဉ် ၄ စင်းနှင့် ရေတပ်သင်္ဘော ၅ စင်း ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

အမေရိကန်က ထိုင်ဝမ်အတွက် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်အစီအစဉ်ကို အတည်ပြုပြီးနောက် တရုတ်စစ်တပ်မှ လေယာဉ် ၄ စင်း၊ ရေတပ်သင်္ဘော ၅ စင်းတို့သည် ထိုင်ဝမ်ရေလက်ကြားရှိ အလယ်မျဉ်းကို ဖြတ်ကျော်လာခဲ့သည်။

တရုတ်စစ်တပ်မှ လေယာဉ် ၄ စင်းနှင့် ရေတပ်သင်္ဘော ၅ စင်းသည် စက်တင်ဘာ ၃ ရက် ညနေ ၅ နာရီတွင် ထိုင်ဝမ်အနီးအနားတွင် ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား ခဲ့သည်ဟု ထို Taiwan News သတင်းတွင် ဖော်ပြထားသည်။

တောင်ဘက်စွန်းပိုင်းမှ တရုတ်လေတပ်(PLAAF) ၏ ချန်ဒူး J-10 ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ် ၂ စင်းသည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်တန်းမျဉ်းကို ဖြတ်ကျော်ခဲ့ကြောင်း ဝန်ကြီးဌာနက Twitter တွင် ရေးသား ဖော်ပြခဲ့သည်။

တရုတ်လှုပ်ရှားမှုများကို တုံ့ပြန်ရန် ထိုင်ဝမ်က ကင်းလှည့်တိုက်ခိုက်ရေးလေယာဉ် (CAP)၊ ရေတပ်သင်္ဘော များနှင့် လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်စနစ်များကို အသင့်ပြင်ထားခဲ့ပြီး ရေဒီယိုသတိပေးချက်များကို ထုတ်ပြန် ခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ်ကို ဒေါ်လာ ၁ ဒသမ ၁၇ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချမှုအစီအစဉ်ကို အမေရိကန်က ကြေညာ ပြီးနောက်ပိုင်း ကျူးကျော်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ သဘောတူညီချက်တွင် Harpoon သင်္ဘောဖျက်ဒုံးကျည်များ၊ Sidewinder တာတိုပစ် ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်များနှင့် ရေဒါကိရိယာများ ပါဝင်သည်။

စက်တင်ဘာ ၂ရက် အစောပိုင်းတွင် ထိုင်ဝမ်အနီးနားတွင် တရုတ်စစ်တပ်မှ လေယာဉ် ၁၉ စင်းနှင့် သင်္ဘော ၃ စင်းကို ညနေ ၅ နာရီတွင် ထိုင်ဝမ်က ခြေရာခံမိခဲ့သည်။

တရုတ်လေတပ် (PLAAF) မှ စစ်လေယာဉ် ၄ စင်းသည် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) အနောက်တောင်ထောင့်သို့ ဝင်ရောက်လာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly