တရုတ်အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို တူရကီတွင် ဝီဂါများ ဆန္ဒပြ

တရုတ်အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို တူရကီတွင် ဝီဂါများ ဆန္ဒပြ

အရှေ့တာကစ္စတန်ဖက်ဒရေးရှင်း (DTF)၊ ဝီဂါအကယ်ဒမီနှင့် အရှေ့တာကစ္စတန်ရီဘတ်ပလီကန်တို့သည် အခြားသော ဝီဂါအန်ဂျီအိုအဖွဲ့အစည်းများနှင့်အတူ တရုတ်အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆန့်ကျင်သည့်အနေဖြင့် သြဂုတ် ၃၁ရက်တွင် တူရကီနိုင်ငံ၊ အင်စတန်ဘူလ်မြို့တွင် ဆန္ဒပြခဲ့ကြသည်။

အစ္စတန်ဘူလ်မြို့၊ အက်ခ်ဆာရေးအနီးရှိ ဖာတက်ဆာရာချနယ်ပန်းခြံတွင် နံနက် ၁၁ နာရီတွင် စတင်ဆန္ဒပြခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာသည့်အတွက် ကြိုတင်ကာကွယ်ရေးအကြောင်းပြ၍ အရှေ့တာ ကစ္စတန် ဒေသများရှိ နေအိမ်များကို သော့ခတ်ထားသည့် တရုတ်၏ လုပ်ဆောင်ချက်အား ဆန့်ကျင်ကန့်ကွက် သည့် အနေဖြင့် စုဝေးပွဲကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းအစီအမံကြောင့် ဝီဂါအချို့သေဆုံးစေခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

"တရုတ်က ဗိုင်းရပ်စ်နဲ့ သီးသန့်ခွဲထားတာကို အကြောင်းပြချက်အဖြစ်အသုံးပြုပြီး အရှေ့တာကစ္စတန်ရှိ ဝီဂါတွေ ကို နေအိမ်တွေမှာ အားလုံးကို အကျဉ်းချခဲ့ပါတယ်။..အရှေ့တာကစ္စတန်ရှိ ဝီဂါတွေအားလုံးကို သူတို့၏ နေအိမ်မှာ အကျဉ်းချပြီး အပြင်က တံခါးတွေကို သော့ခတ်ပြီး ငတ်ပြတ်သေအောင် လူမျိုးတစ်မျိုး သတ်ပစ်တဲ့ ပုံပါပဲ... ဒီရက်စက်မှုတွေအတွက် နှုတ်ဆိတ်နေသင့်သလား။ နှိပ်စက်ညှဉ်းပန်းခြင်းခံနေရတာကို ထုတ်ဖော်ပြော ဆိုကြပါစို့" ဟု သြဂုတ်လ ၃၀ရက် အစောပိုင်းတွင်၊ အရှေ့တာကစ္စတန်အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဆာယက်တန်တာ့ခ် မှ DTF အနေဖြင့် ကန့်ကွက်ကြောင်းနှင့် ထုန်ပြန်ချက်ကြေညာခဲ့သည်။

အဆိုပါ စုဝေးပွဲကို နံနက် ၁၁ နာရီခန့်တွင် စတင်ခဲ့ပြီး ဆာယက်တန်တာ့ခ်၊ မာမတ်အီမင်နှင့် ကိုစိုင်နီအပါအဝင် DTF ခေါင်းဆောင်များ၊ အစ္စလာမ်မစ်ဆာဒတ်ပါတီနှင့် နိုင်ငံရေးပါတီအချို့မှ ဒေသခံကိုယ်စားလှယ်များ အပါအဝင် လူပေါင်း ၂၅၀ မှ ၃၀ဝ ခန့် တက်ရောက်ခဲ့သည်။

တူရကီနှင့် အရှေ့တာကစ္စတန်နိုင်ငံတော်သီချင်းများ သီဆိုတီးမှုတ်ခဲ့သည်။ အရှေ့တာကစ္စတန်တွင် ဖြစ်ပွားနေ သည့် တရုတ်ကျောထောက်နောက်ခံပြု လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်ရန် ဆန္ဒပြသူများသည် စုဝေးခဲ့ကြ သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် ၇၃ နှစ်ကြာ အရှေ့တာကစ္စတန်တွင် တရုတ်က ကျင့်သုံးခဲ့သည့် လူမဆန်စွာ ပေါင်းစည်းမှု၊ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် အကြောက်တရားများအပြင် “ကျွန်ုပ်တို့ ဝီဂါလူမျိုးသည်လည်း နာဇီပုံစံ ချွေးတပ်စခန်းများတွင် ၂၀၁၆ခုနှစ်မှ စတင်ပြီး နှိပ်စက်ညှဉ်းပန်းမှုနှင့် လူမျိုးတုံးသတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly