အိန္ဒိယက နှာခေါင်းမှထည့်သည့် ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသုံးပြုရန် အတည်ပြု

အိန္ဒိယက နှာခေါင်းမှထည့်သည့် ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသုံးပြုရန် အတည်ပြု

အိန္ဒိယသည် ပြည်တွင်းဖြစ်ဆေးဝါးလုပ်ငန်းကို မြှင့်တင်ရန် အရေးပေါ်အသုံးပြုမှုအဖြစ် ဒေသတွင်းထုတ် ဆေးထိုးအပ်မလိုသော နှာခေါင်းမှထည့်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသုံးပြုခွင့်အား စက်တင်ဘာ ၆ ရက်က အတည်ပြုလိုက်သည်။

ပြီးခဲ့သောနိုဝင်ဘာက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခွင့်ပြုချက်ရခဲ့သော တခြား အကြောသွင်း ကာကွယ်ဆေး ထုတ်လုပ်သူ Bharat Biotech မှ တီထွင်ထုတ်လုပ်လိုက်သည့် ကာကွယ်ဆေးဖြစ်သည်။

အိန္ဒိယ ဆေးဝါးကွပ်ကဲရေးအဖွဲ့သည် စက်တင်ဘာ ၆ ရက်က အဆိုပါ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုမှု အတွက်ခွင့်ပြုခဲ့ပြီး  အသက် ၁၈ နှင့်အထက် ကာကွယ်ဆေးမထိုးရသေးသော သို့မဟုတ် ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးသားသူများကို ကနဦးဆေးအဖြစ် အသုံးပြုခွင့်ပြုမည်ဖြစ်ပြီး အာနိသင်ထက်အစွမ်းထက်ဆေးအဖြစ် ခွင့်မပြုပေ။

"ဒီအဆင့်က ကပ်ရောဂါကို တိုက်ဖျက်ရာမှာ ကျွန်တော်တို့ရဲ့ စုပေါင်းတိုက်ဖျက်မှုကို ပိုမိုအားကောင်းစေမှာပါ" ဟု ကျန်းမာရေးဝန်ကြီး မန်ဆွတ်မန်ဒါဗီယာက တွစ်တာတွင် ရေးသားခဲ့သည်။

Bharat Biotech သည် အိန္ဒိယနိုင်ငံတစ်ဝန်းရှိ နေရာ ၁၄ ခုတွင် တတိယအဆင့် စမ်းသပ်မှုများကို ပြုလုပ်ခဲ့ပြီး ၎င်း၏ ဘေးကင်းမှုသည် အခြားသော ကာကွယ်ဆေးများနှင့် နှိုင်းယှဉ်ပါက အလွန်ကောင်းမွန်ကြောင်း တွေ့ရှိ ထားသည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုးတက်မှုဖြစ်စဉ်အချက်အလက်များကို ပညာရှင်များသုံးသပ်ရေးအတွက် တင်ပြသွားမည်ဖြစ်ကာ လူသိရှင်ကြား ထုတ်ပြန်မည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အိန္ဒိယသည် ကာကွယ်ဆေးပမာဏပေါင်း ၂ ဘီလီယံထက်မနည်းကို ထိုးပေးပြီးဖြစ်ကာ နိုင်ငံ့ လူဦးရေး ၁ ဒသမ ၄ ဘီလီယံ၏ ၃ ပုံ ၂ ပုံထက်မနည်းကို ကာကွယ်ဆေး အပြည့်အဝ ထိုးပေးပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required