တရုတ်ကို သတိကြီးစွာ စောင့်ကြည့်နေချိန်တွင် အမေရိကန်သမ္မတက ပစိဖိတ်ကျွန်းနိုင်ငံများအဖွဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည်

တရုတ်ကို သတိကြီးစွာ စောင့်ကြည့်နေချိန်တွင် အမေရိကန်သမ္မတက ပစိဖိတ်ကျွန်းနိုင်ငံများအဖွဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည်

အမေရိကန်နှင့် အနောက်အုပ်စုမဟာမိတ်များက ဒေသတွင်း တရုတ်၏ လှုပ်ရှားမှုများအပေါ် စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် သမ္မတဂျိုးဘိုင်ဒင်က ပစိဖိတ်ကျွန်း နိုင်ငံများအဖွဲ့ ခေါင်းဆောင်များ၏ အစည်းအဝေးကို ယခုလ နှောင်းပိုင်းတွင် ဝါရှင်တန်၌ လက်ခံကျင်းပမည်ဟု အိမ်ဖြူတော်က စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ကြေညာ လိုက်သည်။ 

အမေရိကန်က ပစိဖိတ်ကျွန်းနိုင်ငံများ၊ ပစိဖိတ်ဒေသတို့နှင့် နက်ရှိုင်းပြီး တည်တံ့ခိုင်မြဲသော မိတ်ဖက်အဖြစ် ရှိမှုကို စက်တင်ဘာ ၂၈နှင့် ၂၉ ရက်တွင် ပြသနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအရာရှိ ကာရင်းယန်းပီရက်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ 

သမ္မတဘိုင်ဒင်က မိုက်ကရိုနီးရှား၊ဦ မာရှယ်ကျွန်းနိုင်ငံများ၊ ပလောင်း၊ နောအူ၊ ကာရီဘက်တီ၊ ပါပူအာနယူးဂီနီ၊ ဆော်လ်မွန်ကျွန်းများ၊ ဗန်ဝါးတူး၊ ဆာမိုတာ၊ တူဗာလူ၊ တွန်ဂါနှင့် ဖီဂျီနို်ငငံတို့အား ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။၊

ဆော်လ်မွန်ကျွန်း နိုင်ငံနှင့် တရုတ်တို့အကြား လုံခြုံရေး စာချုပ်သစ်အပေါ် စိုးရိမ်မှုများ ဖြစ်နေသောကြောင့် ရေတပ်သင်္ဘောများကို စာချုပ်သစ်အား အတည်ပြုနိုင်ခြင်းမရှိသေးမီ စေလွှတ်ခြင်းမပြုရန် သက်ဆိုင်ရာနိုင်ငံများကို ဆော်လ်မွန်ကျွန်းနိုင်ငံက ပြီးခဲ့သည့် သီတင်းပတ်အတွင်း သတိပေးခဲ့ပြီးနောက် အိမ်ဖြူတော်၏ ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

အမေရိကန် ကမ်းရိုးတန်းစောင့် အမြန်ရေယာဉ် Oliver Henry နှင့် ဗြိတိန်ရေတပ်ကင်းလှည့်ရေယာဉ် HMS Spey တို့သည် ဗျူရိုကရက်တစ်စနစ်ကြောင့် ကြန့်ကြာမှုများဖြစ်ပွားကာ ခရီးစဉ်များကိ ဖျက်သိမ်းခဲ့ရပြီးနောက် ဆော်လ်မွန်ကျွန်းနိုင်ငံအစိုးရက မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။

ဆော်လ်မွန်ကျွန်းနှင့် ချုပ်ဆိုသည့် စာချုပ်သစ်ကြောင့် တရုတ်အနေဖြင့် ဩစတြေးလျ အရှေ့မြောက် ကမ်းရိုးတန်းမှ ကီလိုမီတာ ၂၀၀၀ (မိုင်၁၂၀၀) ပင် မကွာဝေးသည့် ရေပြင်တွင် တရုတ်ရေတပ်က စစ်စခန်း တစ်ခု တည်ဆောက်မည်ကို အမေရိကန်နှင့် ဗြိတိန်တို့ကလည်း စိုးရိမ်လျက်ရှိသည်။

၂၀၂၁ ခုနှစ်တွင် သမ္မတဘိုင်ဒင်အစိုးရ စတင်အုပ်ချုပ်ပြီးနောက် တရုတ်နိုင်ငံအား စီးပွားရေးနှင့် စစ်ရေးအရ ပြိုင်ဘက်အဖြစ် စိုးရိမ်မှု ပိုမိုမြင့်တက်လာပြီး အာရှ-ပစိဖိတ်ဒေသကို အလေးထား အာရုံစိုက်ခဲ့သည်။

ထို့ကြောင့် ဩစတြေးလျနိုင်ငံအား နျူကလီးယား ရေငုပ်သင်္ဘောများ ရောင်းချခဲ့သလို ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ဖြင့် စုဖွဲ့ထားသည့် Quad အဖွဲ့ကို အင်ဒို-ပစိဖိတ် လုံခြုံရေးဆိုင်ရာ မိတ်ဖက်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

တရုတ်က ထိုင်ဝမ်ကို ရန်စမှုများ၊ တိုင်းရင်းသား လူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဟောင် ကောင်ရှိ ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်သူများအား ဖိနှိပ်မှုများအပေါ် အမေရိကန်သမ္မတ ဘိုင်ဒင်က ကန့်ကွက် ဝေဖန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required