သီရိလင်္ကာ တာဝန်ရှိသူများက အဝေးပြေးလမ်းမကြီး စီမံကိန်းအတွက် တရုတ်ကုမ္ပဏီအား စည်းရုံးနေ

သီရိလင်္ကာ တာဝန်ရှိသူများက အဝေးပြေးလမ်းမကြီး စီမံကိန်းအတွက် တရုတ်ကုမ္ပဏီအား စည်းရုံးနေ

အကုန်အကျများသည့် စီမံကိန်းကြီးများကို တရားဝင် ရပ်ဆိုင်းထားသော်လည်း သီရိလင်္ကာ အဝေးပြေး လမ်း ကြီးများဝန်ကြီးဌာနမှ တာဝန်ရှိသူများက နိုင်ငံ၏ လမ်းဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (RDA) ကို ဖိအားပေး ကာ အမေရိ ကန်ဒေါ်လာ သန်း ၅၅၀ ကုန်ကျမည့် အမြန်လမ်းမကြီး အပြီးသတ်ရန် တရုတ်ကုမ္ပဏီတစ်ခုကို စေခိုင်းနေသည်။

ယခုအခါ တရုတ်ဆိပ်ကမ်းအင်ဂျင်နီယာကော်ပိုရေးရှင်း(CHEC )နှင့် တံခါးပိတ်ဆွေးနွေးမှုများ ပြုလုပ်နေသော တာဝန် ရှိသူများသည် ကလယ်နီတံတားသစ် (NKB) စီမံကိန်းကို နိုင်ငံတွင်းသို့ ဒေါ်လာများ ဆွဲဆောင်ရန် နည်းလမ်းများအဖြစ် အသုံးပြုနေသော်လည်း ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီချက် စည်းကမ်းချက်များက RDA အတွက် အကျိုးအမြတ်သိသာစွာ မရှိပေ။  

ကြွေးမြီဆပ်ရန် ပျက်ကွက်မှုကြောင့် သီရိလင်္ကာသည် တရုတ်ပိုု့ကုန်သွင်းကုန်ဘဏ် သို့မဟုတ် အခြား ရင်းမြစ် များမှ ချေးငွေမရရှိနိုင်ခြင်းကြောင့် RDA မှ ပြန်ဆပ်ရမည့် စီမံကိန်းအတွက် CHEC က ချေးငွေရ ယူရမည် ဖြစ်ကြောင်း The Sunday Times သီရိလင်္ကာအခြေစိုက် သတင်းစာက ဖော်ပြခဲ့သည်။

အရှည် ၁၇ ကီလိုမီတာကို တံတားထိုးတည်ဆောက်မည့် ၄လမ်းသွား အမြန်လမ်းကို အာဏာပိုင်များက ပိုမိုအာရုံ စိုက် လုပ်ဆောင်ရန် လိုအပ်ပြီး ယင်းကို ပုံမှန်မဟုတ်သော တည်ဆောက်၊ လည်ပတ်၊လွှဲပြောင်း (BOT) သဘောတူညီချက်အဖြစ် ဖော်ပြထားသည်။

မဖြစ်မနေပြုလုပ်ရသည့် ပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်မှုမှာလည်း ပြီးပြည့်စုံခြင်း မရှိပေ။

ယင်းလမ်းပိုင်း၏ ၃ ကီလိုမီတာကျော်သည် အဗာရီဟီနာ တန်နှင့် တာလန်ဂါမာ စိမ့်မြေဒေသ၏ တစ်စိတ်တစ် ပိုင်းဖြစ်သော ပတ်ဝန်းကျင်လယ်ကွင်းများကို ဖြတ်သန်းသွားမည်ဖြစ်သည်။

၂၀ဝ၇ ခုနှစ် အစောပိုင်းတွင် ဂေဟစနစ်၊ ဇလဗေဒနှင့် သမိုင်းဆိုင်ရာ အရေးပါမှုတို့ကြောင့် အမျိုးသား ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဥပဒေ (NEA) အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေ (EPA) အဖြစ် ယင်းစိမ့်မြေနှင့် ပတ်ဝန်းကျင်ဒေသကို သတ်မှတ်ခဲ့သည်။

ပြင်ဆင်ချက်အပါအဝင် စီမံကိန်းကို တရားရုံး ၂ ခုတွင် တရားစွဲထားသည်။ ပတ်ဝန်းကျင် တရားမျှတမှုဗဟိုဌာန နှင့် တာလန်ဂါမာဒေသခံ ၂ ဦးတို့သည် တရားရုံးချုပ်သို့ အသနားခံစာ တင်သွင်းခဲ့သည်။ အမှုကို ၂၀၂၂ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် ထပ်မံစစ်ဆေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly