တရုတ်တွင် ကူးစက်မှုအသစ်များကြောင့် သမ္မတရှီ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒဒဏ်ကို ထပ်မံကြုံတွေ့နေရ

တရုတ်တွင် ကူးစက်မှုအသစ်များကြောင့် သမ္မတရှီ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒဒဏ်ကို ထပ်မံကြုံတွေ့နေရ

ကိုဗစ်-၁၉ ပြန့်ပွားမှုကို ထိန်းချုပ်ရန် တရုတ်အစိုးရက အလွန်ကြိုးပမ်းအားထုတ်မှုများရှိနေသော်လည်း ကူးစက် ပျံ့နှံ့မှု များပြားလာခြင်းက ရှီကျင့်ဖျင်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် ကျဆုံးနေပြီး နေ့စဉ်လူနေမှု ဘဝ ကို ရပ်တန့် စေကာ ကျဆင်းနေသော စီးပွားရေးကို အကြီးအကျယ် အကျပ်ရိုက်စေခဲ့သည်။ 

တရုတ်အစိတ်အပိုင်းအချို့တွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ရုတ်တရက် မြင့်တက်လာပြီး ပဉ္စမလှိုင်းဖြစ်ပွားမှုကြောင့် နိုင်ငံသားများသည် အာဏာရှင်အစိုးရ၏ အဆုံးမဲ့ကန့်သတ်ချက်များကို တစ်ဖန်ပြန်လည်ရင်ဆိုင်နေရသည်။

ပဉ္စမလှိုင်းကို တုံ့ပြန်သည့်အနေဖြင့် အာဏာပိုင်များက လူနေရပ်ကွက်များကို ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ် ပိတ်ဆို့ခြင်းကြောင့် သြဂုတ် ၂၉ရက်က ရှန့်ကျန့်မြို့တွင် ကမ္ဘာကြီးဆုံး အီလက်ထရောနစ်ဈေးကွက်ကို ပိတ်ခဲ့ ရပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးများကို ရပ်ဆိုင်းလိုက်ရသည်။
 
ကွန်ပျူတာအစိတ်အပိုင်းများ၊ မိုဘိုင်းလ်ဖုန်းအစိတ်အပိုင်းများနှင့် မိုက်ခရိုချစ်ပ်များရောင်းချသည့် ထောင်ပေါင်း များစွာသော ဈေးဆိုင်များရှိသည့်နေရာဖြစ်သည့် ဟွာချင်ပေ့သည် ဖူထန်းခရိုင်ရှိ မဖြစ်မနေ ၄ ရက်ကြာ ကန့်သတ် ပိတ်ဆို့ခံရသည့် ရပ်ကွက် ၃ ခုတွင် ပါဝင်နေကြောင်း ခရိုင်အစိုးရက ပြောကြားခဲ့သည်။

နေထိုင်သူများသည် စက်တင်ဘာ ၁ရက်အထိ နေ့စဉ်ပြုလုပ်ရမည့် ကိုဗစ်စစ်ဆေးမှုမှလွဲ၍ ၎င်းတို့၏ နေအိမ် များမှ ထွက်ခွာခြင်းမပြုရန် ကန့်သတ်ခံထားရသည်။

မရှိမဖြစ်လိုအပ်သောလိုအပ်ချက်များအတွက် စူပါမားကတ်များ၊ ဆေးဆိုင်များနှင့် ဆေးရုံများမှလွဲ၍ ဘေးဒဏ် သင့်ဒေသများရှိ စီးပွားရေးလုပ်ငန်းအားလုံးကို ပိတ်ထားသည်။ အာဏာပိုင်များက စားသောက်ဆိုင်များတွင် စားသောက်ခြင်းကို ခေတ္တရပ်ဆိုင်းထားခဲ့ပြီး မှာယူခြင်းကိုသာ ခွင့်ပြုထားသည်။

ဟွာချင်ပေ့အီလက်ထရွန်းနစ်ဈေးကွက်တဝိုက်အပါအဝင် ရှန့်ကျန့်မြို့တစ်ဝန်းရှိ မြေအောက်ရထားဘူတာ ၂၄ ခုနှင့် ဘတ်စ်ကားဂိတ်ရာပေါင်းများစွာကို ရပ်ဆိုင်းထားသည်။

လျှိုဟူနှင့် လိုဂန်ခရိုင်များတွင် ဖျော်ဖြေရေးနေရာများနှင့် အများသူငှာ ပန်းခြံများအားလုံးကို ပိတ်ပင်ထားပြီး စည်းဝေးပွဲများနှင့် ဖျော်ဖြေပွဲများမှ ပန်းခြံကပွဲအထိ လုပ်ရှားမှုများကို ပိတ်ပင်ထားကြောင်း CNN က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required