ပါရီတွင် ပြုလုပ်သည့် ကုလအတိုင်ပင်ခံအဖွဲ့ အစည်းအဝေးသို့ အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ပါရီတွင် ပြုလုပ်သည့် ကုလအတိုင်ပင်ခံအဖွဲ့ အစည်းအဝေးသို့ အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ဩဂုတ် ၃၁ရက်က ကျင်းပခဲ့သည့် ကုလသမဂ္ဂအတိုင်ပင်ခံအဖွဲ့အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အိန္ဒိယကိုယ်စားလှယ်အဖွဲ့အား အိနိ္ဒိယနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး အီမန်နျူရယ် လန်နီက ကြိုဆိုခဲ့ကာ အိန္ဒိယအား အမြဲတမ်းအဖွဲ့ဝင်နေရာအတွက် ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ဥက္ကဋ္ဌနိုင်ငံ တာဝန်ယူတော့မည့် ပြင်သစ်နိုင်ငံ၏ သံအမတ်က ကုလအဖွဲ့တွင် အိန္ဒိယအမြဲတမ်းအဖွဲ့ဝင်နေရာ ရရှိရေးကို ထောက်ခံခဲ့သလို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်လည်း တိုက်တွန်းခဲ့သည်။ 

နှစ်နိုင်ငံစလုံးအနေဖြင့် ပိုမိုအားကောင်းသည့် ဆက်ဆံရေးနှင့် ဗဟုဝါဒပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နိုင် ကြောင်းလည်း အခြားထုတ်ပြန်ချက်တစ်ခုတွင် သံအမတ်ကြီးက ပြောကြားသည်။

အိန္ဒိယသည် အာရှတွင် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးအတွက် အရေးပါဆုံးနိုင်ငံဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ သော ဆက်ဆံရေးအပေါ်တွင်လည်း ၎င်းက ဂုဏ်ပြုပြောကြားသည်။ 

 အိန္ဒိယနှင့် ပြင်သစ်တို့အကြား ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ပတ်သက်သည့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ရာတွင် နှစ်နိုင်ငံ အကျိုးစီးပွားနှင့် ပတ်သက်သည့်ကိစ္စရပ်များတွင် ကဏ္ဍအသီးသီး၌ လက်ရှိ ပူးပေါင်းဆောင်ရွက်နေမှုများကို တိုးမြှင့်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ 

အဆိုပါ အစည်းအဝေးသို့ ပါရီမြို့ရှိ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများအပါအဝင် တွဲဖက်အတွင်းဝန် (ကုလ-နိုင်ငံရေးဆိုင်ရာ) ပရာကက်ရှ်ဂုပတား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြရာတွင် ပြင်သစ်နိုင်ငံတွင် ရောက်ရှိနေစဉ်အတွင်း ဦးစားပေး လုပ်ဆောင်မည့် အစီအစဉ်များနှင့် ၂၀၂၂ ခုနှစ် စက်တင်ဘာနှင့် ဒီဇင်ဘာလများအတွင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် သဘာပတိတာဝန်များ ဆောင်ရွက်ရမည့် အိန္ဒိယ၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required