ရန်ကုန်-ထိုင်ဝမ်လေယာဉ်ခရီးစဉ် စီးနင်းသူ နည်းပါး၍ ပြေးဆွဲမှု ရပ်နား

ရန်ကုန်-ထိုင်ဝမ်လေယာဉ်ခရီးစဉ် စီးနင်းသူ နည်းပါး၍ ပြေးဆွဲမှု ရပ်နား

ဇန်နဝါရီ ၂၆ ရက်က မြန်မာ့အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းက စတင်ပြေးဆွဲလျက်ရှိနေသည့် ရန်ကုန်-ထိုင်ဝမ်ခရီးဉ်ကို ခရီးသည်စီးနင်းမှုနည်းပါးခြင်းကြောင့် ထိုင်ဝမ်က မြို့ပြလေကြောင်းစီမံခန့်ခွဲမှုဌာန CAA နှင့်အတူ ပျံသန်းဝန်ဆောင်မှုကို ရပ်နားတော့မည်ဖြစ်ကြောင်း CAA က အတည်ပြုပြောသည်။

မြန်မာအစိုးရက ၂၀၁၆ ခုနှစ်ကို ကမ္ဘာလှည့်ခရီးသွားနှစ်အဖြစ် သတ်မှတ်ပြီးနောက် ဇန်နဝါရီ ၂၆ ရက်မှ မတ် ၂၅ ရက်အထိ ရန်ကုန်နှင့် ထိုင်ဝမ်ရှိ Taoyuan နိုင်ငံတကာလေဆိပ်သို့ တစ်ပတ်လျှင် သုံးကြိမ်ပျံသန်းမှုကို လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

မြန်မာလေကြောင်းလိုင်း Myanmar Airways International က ရန်ကုန်-ထိုင်ဝမ်ခရီးစဉ်ကို Airbus A319 လေယာဉ်ဖြင့် ဇန်နဝါရီ ၂၉ ရက်တွင် ပထမဆုံး စတင်ပျံသန်းပြေးဆွဲပေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း စီမံကိန်းပျံသန်းမှု နှစ်လတာကာလမှ ကျန်ရှိပျံသန်းပေးရမည့် ခရီးစဉ်များကို ဖျက်သိမ်းတော့ရန် မြန်မာလေကြောင်းလိုင်းက လျှောက်ထားလာခဲ့ကြောင်း CAA က ပြောသည်။

ယခုကဲ့သို့ ရပ်နားရခြင်းသည် လေကြောင်းလိုင်း၏ စီစဉ်ခန့်ခွဲမှုတစ်ရပ်သာဖြစ်ကြောင်း မြန်မာလေကြောင်းလိုင်းက ပြောသည်။ သို့သော်လည်း ယင်းလိုင်းကြောင်းတွင် စီးနင်းလိုက်ပါသူ ခရီးသည်နည်းပါးခြင်းကြောင့်ဖြစ်သည်ဟု CAA က ပြောခဲ့သည်။

မြန်မာလေကြောင်းလိုင်းက ပြေးဆွဲပေးရမည့် ကျန်ခရီးစဉ်များအတွက် အခြားလေကြောင်းလိုင်းများဖြင့် ခရီးသည်များကို စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

လက်ရှိတွင် ထိုင်ဝမ်၌ Taoyuan နှင့် ရန်ကုန်အကြား တရုတ်လေကြောင်းလိုင်းကသာ ပျံသန်းပြေးဆွဲပေးလျက်ရှိပြီး Boeing 737 လေယာဉ်ဖြင့် သီတင်းပတ်တစ်ပတ်လျှင် ခြောက်ခေါက် ပျံသန်းဝန်ဆောင်ပေးလျက်ရှိသည်။

အခြားမြန်မာလေကြောင်းလိုင်းဖြစ်သည့် Myanmar National Airlines က Taoyuan နှင့် ရန်ကုန် လေဆိပ်များကြား ဇန်နဝါရီ ၁၆ ရက်က စတင်ကာ ပျံသန်းပြေးဆွဲရန် လျှောက်ထားပြီးဖြစ်သော်လည်း လက်ရှိအထိ ခရီးစဉ်ပြေးဆွဲမှု စတင်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly