တရုတ်ရဲများက  အမျိုးသားညီလာခံမတိုင်မီ အခွင့်အရေးတောင်းဆိုသူများကို နှိမ်နင်း

By RFA
04 September 2022
တရုတ်ရဲများက  အမျိုးသားညီလာခံမတိုင်မီ အခွင့်အရေးတောင်းဆိုသူများကို နှိမ်နင်း

တရုတ်တွင် ဆင်ဆာဖြတ်တောက်မှုများနှင့် လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို တားမြစ်ပိတ်ပင်မှုများ မြင့်တက်နေချိန်တွင် အာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CCP) က အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံကို အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပရန် ကြေညာလိုက်သည်။ 

"ပေကျင်းရဲတွေက လွန်ခဲ့တဲ့ ၁၀ ရက်ကျော်က အခွင့်အရေးတောင်းဆိုသူတွေကို စတင်ဖမ်းဆီးခဲ့ပါတယ်။  သူတို့အားလုံးကို သူတို့ လာတဲ့နေရာကို ပြန်ခေါ်သွားပါပြီ" ဟု ပေကျင်းအခြေစိုက် မာအမည်ရှိ အခွင့်အရေး တောင်းဆိုသူက ပြောကြားသည်။

"လူတွေကို ဖမ်းဆီးဖို့လွန်ခဲ့တဲ့ ၁၀ ရက်ကျော်က ဟေလိုကျင်းက လူတွေလာခဲ့ပါတယ်။ ရဲစခန်းက အရာရှိတွေနဲ့ ကျွန်မတို့ တိုက်ခိုက်ခဲ့ပါတယ်။"

 “အဆောက်အအုံမှာ အိမ်ထောင်စု ၆၀ ရှိပြီး သူတို့က တစ်အိမ်တက်ဆင်းသွားပြီး လူတွေကို စစ်ဆေးနေပါတယ်” ဟု မာက ပြောကြားသည်။

 "ကျွန်မလဲ အဖမ်းခံရတယ်။ ကျွန်မတို့ မွေးရပ်မြေက လူတွေက တရားဥပဒေစိုးမိုးရေးအတွက် ပေကျင်းကို လာခွင့်ရှိပါတယ်။"

 "ကျွန်မ နေထိုင်တဲ့ရွာက သြဂုတ် ၃၀ ရက်မှာ လုံးဝကို ရှုပ်ထွေးနေပြီး အားလုံးက အရမ်းကြောက်နေကြ ပါတယ်။” 

 မြို့ပြင်တွင် မည်သူ့ကိုမျှ တစ်ပတ်ကျော်ကြာအောင် တည်းခိုခွင့်မပြုရန် ဟိုတယ်များအား ညွှန်ကြားထားကြောင်း မာက ပြောကြားခဲ့သည်။

 “ကပ်ရောဂါမဖြစ်ခင်က ၁၅ ရက်ပေးခဲ့ပေမယ့်အခု ၇ ရက်ပဲ ရပါတော့တယ်” ဟု သူမက ဆိုသည်။ 

 ကျန်းအမည်ရသည့် လောင်နင်းပြည်နယ်မှ အခွင့်အရေးတောင်းဆိုသူများ အိမ်ပြန်ရောက်သည်နှင့် နေအိမ် အကျယ်ချုပ် သို့မဟုတ် ဒေသခံရဲများနှင့် အစိုးရအရာရှိများ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly