အာဖဂန်နစ္စတန် မူလအတိုင်း ပြန်မဖြစ်နိုင်သော ပျက်စီးခြင်းသို့ ရောက်လုဆဲဆဲ ဖြစ်နေဟု Amnesty အဖွဲ့ ပြော

အာဖဂန်နစ္စတန် မူလအတိုင်း ပြန်မဖြစ်နိုင်သော ပျက်စီးခြင်းသို့ ရောက်လုဆဲဆဲ ဖြစ်နေဟု Amnesty အဖွဲ့ ပြော

တာလီဘန် ထိန်းချုပ်မှုအောက် ကျရောက်သွားခဲ့သည့် အာဖဂန်နစ္စတန်တွင် ပြည်သူတို့၏ လူ့အခွင့်အရေးများ ချိုးဖောက်ခြင်း ခံနေရသလို အမျိုးသမီးများနှင့် မိန်းကလေးများ အလုပ်လုပ်ခွင့်နှင့် ပညာသင်ယူခွင့် ရရှိရေး၊ နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းတွင် ပါဝင်နိုင်ခွင့်ရရေး Amnesty International အဖွဲ့က မကြာသေးခင်က ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်တွင် တာလီဘန်တို့ကို တိုက်တွန်းတောင်းဆိုထားသည်။

Amnesty International ၏ ပန်ကြားချက်အစီရင်ခံစာအရ တာလီဘန်တို့သည် ၂၀၂၁ ခုနှစ် ဩဂုတ် ၁၅ ရက်က အာဖဂန်နစ္စတန်ကို ထိန်းချုပ်သွားနိုင်ခဲ့ပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှု ခေတ်သစ်တစ်ခုကို စတင်ခဲ့ကြောင်း၊ ထို့နောက် တစ်နှစ်အကြာ ယခုအခါတွင် နိုင်ငံသည် နဂိုအတိုင်း ပြန်မဖြစ်နိုင်တော့သည့် ပျက်စီးခြင်းအောက် ကျရောက်တော့မည့်ဆဲဆဲတွင် ရောက်နေကြောင်း ဖော်ပြထားသည်။

“တာလီဘန် အာဏာပိုင်တွေဟာ အထူးသဖြင့် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ အပါအဝင် အာဖဂန် ပြည်သူတွေ ရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးပါမယ် ဆိုတဲ့ သူတို့ရဲ့ကတိကဝတ်ကို ချိုးဖျက်ခဲ့ရုံတင်မကဘဲ သူတို့ဟာ အကြမ်းဖက်မှု စက်ဝန်းကို ပြန်စခဲ့သလို လုံးလုံးလျားလျား ပြစ်ဒဏ်ခတ်မခံရဘဲနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ထားခဲ့ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။
 
အနုပညာသမားများ၊ ဂျာနယ်လစ်များနှင့် ဘာသာရေး လူနည်းစုများ အပါအဝင် အာဖဂန်တွင် နေထိုင်ကြသူများသည် ကြမ်းတမ်းသော အချိန်ကာလကို ဖြတ်သန်းနေရသလို နိုင်ငံကို အုပ်ချုပ်နေသည့် တာဝန်ရှိသူများသည် နိုင်ငံသားပြည်သူတို့၏ အခြေခံအခွင့်အရေးများကို ဆက်လက် ဖျောက်ဖျက်လျက် ရှိနေသည်။
 
ပြီးခဲ့သည့် နှစ်များအတွင်း အထူးသဖြင့် အမျိုးသမီးများ၊ အနုပညာရှင်များ၊ ဂျာနယ်လစ်များနှင့် လူနည်းစုများအပါအဝင် အာဖဂန်တွင် နေထိုင်သူများ၏ အခွင့်အရေးများကို အလေးထားမှု လုံးဝမရှိခဲ့ကြောင်း ဆမ်မီရာ ဟာမီဒီ အဖွဲ့အစည်းမှ အာဖဂန်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly