တရုတ်က ပါတီညီလာခံမတိုင်မီ အွန်လိုင်းကောလာဟလများကို တိုက်ဖျက်မည့် လှုပ်ရှားမှုစတင်

တရုတ်က ပါတီညီလာခံမတိုင်မီ အွန်လိုင်းကောလာဟလများကို တိုက်ဖျက်မည့် လှုပ်ရှားမှုစတင်

အာဏာရကွန်မြူနစ်ပါတီက ၅ နှစ်တစ်ကြိမ်ကျင်းပသည့် ညီလာခံမတိုင်မီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် တရုတ်ဆိုက်ဘာစီမံကွပ်ကဲရေးအဖွဲ့က အစည်းအဝေးကြီးများနှင့်ပတ်သက်သော ကောလာဟလများနှင့် သတင်းမှားများကို ရှင်းလင်းရန် ၃ လကြာ လှုပ်ရှားမှု စတင်မည်ဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်က ကြေညာလိုက်သည်။

အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖျင်သည် အောက်တိုဘာ ၁၆ ရက်တွင် စတင်မည့် ကွန်ဂရက်တွင် သမိုင်းဝင်တတိယခေါင်းဆောင် သက်တမ်းကို ရယူရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

စက်တင်ဘာ ၂ ရက်က ကြေညာချက်တွင် ကွန်ဂရက်အကြောင်း ဖော်ပြထားခြင်းမရှိသော်လည်း လှုပ်ရှားမှု၏ ပထမဆုံးတာဝန်မှာ အဓိကအစည်းအဝေးများ၊ အရေးကြီးသော အခမ်းအနားများနှင့် အရေးပါသည့် မူဝါဒ ကြေညာချက်များနှင့် သက်ဆိုင်သော ကောလာဟလနှင့် သတင်းမှားများကို စည်းကမ်းတကျနှင့် အလျင်အမြန် ကိုင်တွယ်ဖြေရှင်းရန်ဖြစ်ကြောင်း ဆိုက်ဘာစီမံကွပ်ကဲရေးအဖွဲ့ (CAC)၏ WeChat အကောင့်တွင် ဖော်ပြထား သည်။

ဆင်ဆာဖြတ်တောက်မှုအားကောင်းသော တရုတ်၏ အင်တာနက်စာမျက်နှာပေါ်တွင် ဖြုတ်ချမည့်အရာ သို့မဟုတ် ပုံရိပ်မြှင့်တင်မည့်အရာတို့ကို ဆုံးဖြတ်ရာတွင် ဩဇာကြီးမားလှသော CAC က အွန်လိုင်းကောလာ ဟလများကို ပစ်မှတ်ထားသော လှုပ်ရှားမှုကို အထွေထွေအတွင်းရေးမှုးချုပ် ရှီကျင့်ဖျင်၏ အရေးပါသော ဆိုက်ဘာဆိုင်ရာ ယူဆချက်များဖြင့် ထိန်းကျောင်းလုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

ကောလဟာလဖြန့်ချိသော အပြုအမူများကို အပြစ်ပေးခြင်း၊ အနှောင့်အယှက်ဖြစ်စေသော ကိစ္စရပ်များကို စုံစမ်းဖော်ထုတ်ခြင်းနှင့် အွန်လိုင်းကောလာဟလနှင့်သတင်းမှားများဖြန့်ရာနေရာများကို ထိန်းချုပ်မှု တိုးမြှင့်ခြင်း တို့ ဆောင်ရွက်မည်ဟု ထည့်သွင်းဖော်ပြထားသည်။
 
အစိုးရနှင့်မသက်ဆိုင်သော ထင်ရှားကျော်ကြေားသည့် အွန်လိုင်းအကောင့်ကဲ့သို့သော ကောလာဟလ ဖြန့်နိုင်ခြေရှိသူများကို ခြေရာခံ ထိန်းချုပ်နိုင်သည့် နည်းပညာများ တိုးတက်စေရန် အွန်လိုင်း ဆက်သွယ်မှုများကို ကြီးကြပ်သွားမည်ဟုလည်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly