တရုတ်ကုမ္ပဏီများ၏အမြတ်ငွေ ၂၀၂၀ ခုနှစ်ကဲ့သို့ ဆက်လက်ကျဆင်းနေ 

တရုတ်ကုမ္ပဏီများ၏အမြတ်ငွေ ၂၀၂၀ ခုနှစ်ကဲ့သို့ ဆက်လက်ကျဆင်းနေ 

တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနှင့် အိမ်ခြံမြေအကျပ်အတည်းက ကုမ္ပဏီများအပေါ် ထိခိုက်နစ်နာစေလျက်ရှိသောကြောင့် တရုတ်နိုင်ငံသည် အဆိုးရွားဆုံး ဝင်ငွေကျဆင်းမှုကို စံချိန်တင် ကြုံတွေ့နေရသည်။ 

ရှန်ဟိုင်း၊ ရှန်ကျန်းနှင့်ပေကျင်းတို့တွင် မှတ်ပုံတင်ထားသော တရုတ်ကုမ္ပဏီ ၄ ၈၀၀ ထက်မနည်းက ယခုနှစ်ပထမနှစ်ဝက်အတွက် ၎င်းတို့ဝင်ငွေများကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ပြည်တွင်းမှ အဓိကဘဏ္ဍာရေးဆိုင်ရာ အချက်အလက်ဝန်ဆောင်မှုကုမ္ပဏီနှစ်ခုဖြစ်သည့် Wind နှင့် Choice ၏  အချက်အလက်များအရ ကုမ္ပဏီများ၏ ၅၃ ရာခိုင်နှုန်းသည် အသားတင်အမြတ်ငွေ ကျဆင်းခဲ့သည်။ ကုမ္ပဏီများ သည် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားစဉ်က အဆိုးရွားဆုံး ဝင်ငွေကာလကို ကြုံခဲ့ရသည့် ၂၀၂၀ ခုနှစ်က ကဲ့သို့အခြေအနေဆိုးရွားနေသည်။

သို့သော် အခြားတိုင်းတာချက်များအရ ယခုနှစ်အစတွင် ပိုမိုဆိုးရွားခဲ့သည်။ စံချိန်တင် ဆုံးရှုံးခဲ့သည့်  ကုမ္ပဏီအရေအတွက်သည် ပထမနှစ်ဝက်တွင် ၉၀၀ နီးပါးရှိပြီး ၂၀၂၀ ခုနှစ်က ကုမ္ပဏီ ၇၈၀ သာ အရှုံး ပေါ်ခဲ့သည်။ 

တရုတ်ကုမ္ပဏီများသည် ကမ္ဘာ့ဈေးကွက်ရှိ ကုန်ပစ္စည်းများ၊ နည်းပညာနှင့် တခြားထုတ်ကုန်များကို အများဆုံးဝယ်ယူသောကြောင့် တရုတ်၏ ဝင်ငွေပြိုလဲမှုသည် ကမ္ဘာတစ်ဝန်းကို ဂယက်ရိုက်သွားစေနိုင်သည်။   

ကျွမ်းကျင်ပညာများက ကုမ္ပဏီများ၏ စွမ်းဆောင်ရည်ကျဆင်းမှုနှင့်ပတ်သက်ပြီး တရုတ်၏ တင်းကျပ်သော ကိုဗစ်ဆိုင်ရာပိတ်ဆို့မှုများနှင့် အိမ်ခြံမြေဈေးကွက်အတွင်း ဆိုးရွားလာသောအကျပ်အတည်းများကို အပြစ်ဖို့ကြသည်။

တရုတ်သည် ယခုအချိန်ထိ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆုပ်ကိုင်ထားသောကြောင့် ရောဂါကူးစက်မှုအနည်းငယ်တွေ့ရုံဖြင့် လူများ၏အသွားအလားကို တင်းတင်းကျပ်ကျပ်ကန့်သတ်ကာ မြို့ကြီးများတွင် ပိတ်ဆို့မှုများ ချမှတ်နေရဆဲဖြစ်သည်။ 

တရုတ်နိုင်ငံအဝင်အထွက်ကိုလည်း ကန့်သတ်ထားသည်။

တရုတ်၏ ဂျီဒီပီသည် ယမန်နှစ် ဒုတိယ ၃ လပတ်ထက် ၀ ဒသမ ၄ ရာခိုင်နှုန်းသာ တိုးခဲ့ကာ ၂၀၂၀ ခုနှစ်နောက်ပိုင်း အနည်းဆုံးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly