ကိုဗစ်ကြောင့် စီးပွားရေး ရပ်တန့်နေသည့်  တရုတ်တွင် အလုပ်လက်မဲ့များက ကားဖြင့် ဈေးလှည့်လည် ရောင်းချမှု ခေတ်စားလာ

ကိုဗစ်ကြောင့် စီးပွားရေး ရပ်တန့်နေသည့်  တရုတ်တွင် အလုပ်လက်မဲ့များက ကားဖြင့် ဈေးလှည့်လည် ရောင်းချမှု ခေတ်စားလာ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားကုမ္ပဏီကို ပိတ်ပစ်လိုက်ရသည့် ထန်ကျင်းဇာတိ ဝမ်ဝေသည် အရေးပေါ် အသုံးပြုရန် စုဆောင်းထားသည့် ယွမ် ၈၀ဝဝဝ (အမေရိကန်ဒေါ်လာ ၁၁၇၈၅) ကို ပုံအောကာ  တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၎င်း၏ အစိမ်းရောင် ဆူဇူကီးဗန်ကားသေးလေး၏ နောက်ပိုင်း၌ ကော်ဖီဆိုင်ကို  ဖွင့်လှစ် လိုက်သည်။ 

ဝမ်သည် ဇွန်လမှစတင်၍ သူ၏ မိုဘိုင်းကော်ဖီဆိုင်ကို ကားပြပွဲတစ်ပွဲမှ တစ်ပွဲသို့ သွားရောက်ခဲ့ကာ လက်ဖျော် ကော်ဖီအမျိုးအစားများကို ဖျော်ရည်မျိုးစုံနှင့် တွဲဖက်ရောင်းချခဲ့သည်။

တရုတ်အစိုးရ၏ ပြင်းထန်သော ကိုဗစ်တိုက်ဖျက်ရေးမူဝါဒများအတွင်း အလုပ်ပြုတ်သွားသူများ သို့မဟုတ် လုပ်ငန်းများကို ပိတ်သိမ်းလိုက်ရသူများသည် ရပ်တည်မှုအတွက် နည်းလမ်းအသစ်များကို ကြိုးစားရှာဖွေနေချိန် တွင် တစ်ချိန်က လူများစွာအတွက် အဆင့်အတန်းနိမ့်လွန်းသည်ဟု ယူဆခဲ့ပြီး လမ်းပေါ်တွင် အိုးခွက်များခင်း ကျင်းပြီး လှည့်လည်ရောင်းချခြင်းက တစ်ကျော့ပြန်ခေတ်စားလာနေသည်။ 

ဝန်ဆောင်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ကျောင်းတက်ပြီးနောက် ပြင်ပတွင် ကျူရှင်သင်ကြားပေးသည့်   လုပ်ငန်းတို့သည် အခက်များစွာ ဖြစ်ပေါ်နေသည်။

အသက် ၄၀အရွယ် ဝမ်သည် ၂၀၂၀ပြည့်နှစ်တွင် ထန်ကျင်းမြို့တွင် ဖွင့်လှစ်ထားသည့် ကော်ဖီဆိုင်တစ်ဆိုင်ကို ကပ်ရောဂါစတင်ဖြစ်ပွားချိန်တွင် ပိတ်လိုက်သည်။ သူစီစဉ်ခဲ့ဖူးသော နိုင်ငံရပ်ခြား ခရီးစဉ်များသည်လည်း ထိုနှစ်တွင် အမြတ်အစွန်းများသော နေဝင်အပြီးနှင့် အရုဏ်မတက်မီ လေထုတ်ကြောင့် ဖြစ်ရသည့် ကောင်းကင် အလင်းရောင်လှိုင်းများ Northen Lights ခေါ် urora borealis  ကြည့်သည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရသဖြင့် ဝင်ငွေ ယွမ်သိန်းနှင့် ချီ ဆုံးရှုံးခဲ့ရသည်။

၂၀၂၂ခုနှစ်တွင်၊ အိုမီခရွန်မျိုးကွဲ တရုတ်နိုင်ငံတစ်ဝန်းတွင် ပျံ့နှံ့ခြင်းက နောက်ဆုံးထိုးနှက်ချက်ဖြစ်ပြီး တရုတ်ကျေးလက်ဒေသသို့ အုပ်စုခရီးစဉ်များမှာ မဖြစ်နိုင်တော့ပေ။

ဝမ်သည် ချန်ဒူး၊ ချုံချင်းနှင့် ကွမ်ကျိုးကဲ့သို့သော တောင်ပိုင်းမြို့ကြီးများတွင် ကားဖြင့် လှည့်လည်ရောင်းချသည့် ဈေးပွဲများ ပေါ်ပေါက်လာပြီးနောက် ယခုနွေရာသီတွင် ရွေ့လျားကော်ဖီဆိုင်ကို စတင်ဖွင့်လှစ်ခဲ့သည်။

ဝမ်၏ ဗန်ကားမှ ဖြန့်ကျက်ချထားသော ခေါင်မိုးအောက်တွင် ညနေခင်း၏ အလင်းရောင်ဖျော့ဖျော့အောက်တွင် စားသုံးသူများသည် စခန်းချထိုင်ခုံများတွင် အနားယူပြီး ပြီးပြည့်စုံသည့် ညနေခင်းကို ခံစားကြသည်။

"ကားဖြင့် လှည့်လည်ရောင်းချတဲ့ ဈေးကွက် ရေပန်းစားမှု မြင့်တက်လာတာက အခက်ခဲဆုံးအချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်" ဟု ဝမ်က ဆိုပြီး တစ်ရက်ကို ယွမ် ၁၀ဝဝ ခန့် ဝင်ငွေရှိကြောင်း တွက်ချက်ပြသည်။

တရုတ်စီးပွားရေးသည် ဧပြီလမှ ဇွန်လအထိ တိုးတက်မှုနှေးကွေးခဲ့သည်။ လူငယ်အလုပ်လက်မဲ့နှုန်းသည် မြင့်မားနေဆဲဖြစ်ပြီး ဇူလိုင်လသည် ၁၉ ဒသမ ၉ ရာခိုင်နှုန်းဖြင့် စံချိန်တင်ခဲ့သည့် စတုတ္ထမြောက်လဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly