အမေရိကန်သမ္မတရွေးပွဲမှ ဂျက်ဘွတ်ရှ် နှုတ်ထွက်

အမေရိကန်သမ္မတရွေးပွဲမှ ဂျက်ဘွတ်ရှ် နှုတ်ထွက်

ကိုလံဘီယာ၊ ဖေဖော်ဝါရီ-၂၁ ။           ။ အမေရိကန်သမ္မတ နှစ်ယောက်၏ သားနှင့် ညီဖြစ်သည့် ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း  ဂျက်ဘွတ်ရှ်က အလှူရှင်အထောက်အပံ့နှင့် နာမည်ဂုဏ်သတင်း ရှိပြီးဖြစ်သော်ငြား ဘယ်တုန်းကမှ မအောင်မြင်ခဲ့သည့် မဲဆွယ်မှုကို အဆုံးသတ်ကာ သမ္မတရွေးပွဲမှ နှုတ်ထွက်လိုက်ပြီဖြစ်သည်။

“ဒီညမှာပဲ ကျနော့ရဲ့ မဲဆွယ်မှုကို ရပ်ဆိုင်းလိုက်ပါပြီ”ဟု တောင်ကယ်ရိုလိုင်းနား ရီပတ်ဘလီကင် သမ္မတလောင်းရွေးပွဲတွင် ပေါ်လာပြီးနောက် မျက်ရည်ကို ထိန်းနေရပုံပေါ်သည့် ဂျက်ဘွတ်ရှ်က ပြောကြားခဲ့သည်။

အသက် ၆၂နှစ်အရွယ် ဘွတ်ရှ်မှာ လက်ရှိ ဒေါ်နယ်ထရန့်နှင့် တက္ကဆက် အထက်လွှတ်တော်အမတ် တက် ခရုဇ်လို အပြင်လူများကို လူကြိုက်များနေချိန်တွင် နောက်ထပ် ဘွတ်ရှ်မျိုးဆက် သမ္မတတစ်ယောက်အတွက် စိတ်အားထက်သန်လာအောင် မဆွဲဆောင်နိုင်သည့် အရောင်မှိန်မှန် သမ္မတလောင်းတစ်ယောက်သာ ဖြစ်သည်ဟူသော အပြောအဆိုများကို ပယ်ရှားနိုင်စွမ်းမရှိခဲ့ပေ။

ဖေဖော်ဝရီ ၁ရက်က အိုင်အိုဝါ သမ္မတလောင်း ရွေးပွဲတွင် ဂျက်ဘွတ်ရှ်မှာ စိတ်ပျက်ဖွယ်ရာ ဆဌမနေရာသာ ချိတ်ခဲ့သည်။ နောက် ရက်သတ္တတစ်ပကြာ နယူးဟမ့်ပရှိုင်းယားတွင်လည်း စတုတ္ထနေရာနှင့်သာ ကျေနပ်ခဲ့ရသည်။

တောင်ကယ်ရိုလိုင်းနားတွင် သူ့အနေအထားကို တိုးတက်အောင် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်စွမ်းမရှိခဲ့ပေ။

“ဒီမဲဆွယ်ပွဲမှာ ကျနော့အခြေံပေါ်မှာပဲ ကျနော်ရပ်နေပြီး နိုင်ငံရေးလေကြောင်းအတိုင်း လေယူရာယိမ်းဖို့ ကျနော် ငြင်းဆန်ခဲ့ပါတယ်”ဟု ဘွတ်ရှ်က ပြောကြားခဲ့သည်။

“ကျနော်တို့ ချပြခဲ့တဲ့ အိုင်ဒီယာတွေဟာ အစိုးရရဲ့ အဆင့်တိုင်းက ကွန်ဆာဗေးတစ်ခေါင်းဆောင် မျိုးဆက်တစ်ဆက်အတွက် ပုံစံပြာလို ထမ်းရွက်ပြီး ကျနော်တို့နိုင်ငံကို ပြည်လည်ရယူနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်”ဟုလည်း ဘွတ်ရှ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly