ပါကစ္စတန် ရူပီးငွေတန်ဖိုး ဆက်လက် ကျဆင်း

ပါကစ္စတန် ရူပီးငွေတန်ဖိုး ဆက်လက် ကျဆင်း

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ဩဂုတ် ၂၉ ရက် ဝါရှင်တန်တွင် ပြုလုပ်သည့် အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေး မတိုင်မီ ပါကစ္စတန်နိုင်ငံသုံး ရူပီးငွေသည် ဩဂုတ် ၂၅ ရက်က အမေရိကန်ဒေါ်လာနှင့် ယှဉ်ပါက  ဆက်လက် ကျဆင်းနေခဲ့သည်။

ပါကစ္စတန် ရူပီးငွေကြေးသည် ဩဂုတ် ၂၄ ရက်က ရူပီး ၂၁၈ ဒသမ ၃၈ ဖြင့် ပိတ်ခဲ့သော်လည်း ဩဂုတ် ၂၅ ရက် မနက် ၁၁ နာရီအထိ ဒေါ်လာနှင့်ယှဉ်လျှင် ပိုက်ဆာ (paisa) ၀ ဒသမ ၆၂ ဆုံးရှုံးကာ ဘဏ်အချင်းချင်း ဈေးကွက်တွင် တစ်နေ့တာအတွင်း ရောင်းဝယ်မှုအတွင်း တစ်ဒေါ်လာလျှင် ရူပီး ၂၁၉ ဖြင့် ရောင်းဝယ်ခဲ့ကြောင်း Geo News က ဖော်ပြသည်။

ပါကစ္စတန်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇ ဘီလီယံ ထုတ်ပေးရေး IMF ဘုတ်အဖွဲ့၏ အတည်ပြုချက် မထွက်မချင်း ပါကစ္စတန် ရူပီးအပေါ် ဖိအားများက ဆက်ရှိနေလိမ့်မည် ဖြစ်ကြောင်း စီးပွားရေး ကျွမ်းကျင် ပညာရှင်တို့က ပြောသည်။

အမှုဆောင် ဘုတ်အဖွဲ့၏ အတည်ပြုမှု ထွက်ရှိပြီးနောက် ၆ရက်အတွင်း ပါကစ္စတန်အနေဖြင့် IMF ထံမှ ဒေါ်လာ ၁ ဒသမ ၁၇ ဘီလီယံ ချေးငွေတစ်ရပ် ရရှိဖွယ်ရှိကြောင်း ပါကစ္စတန် ဗဟိုဘဏ် ခေတ္တဥက္ကဋ္ဌ မာတာဇာ ဆိုင်ယက်ဒ်က Bloomberg TV နှင့် အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်ဟု Geo News က ဖော်ပြသည်။

IMF သဘောတူညီချက်နှင့် ပြည်ပမှ ငွေစီးဝင်မှုများကို အသက်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှုများကြောင့် နိုင်ငံ၏ နိုင်ငံခြားအရန်ငွေများသည် ဒေါ်လာ ၈ ဘီလီယံကို ကျဆင်းခဲ့ကြောင်း ဆိုင်ယက်ဒ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required