ပါကစ္စတန် ဂီဂစ် ဘောလ်တီစတန်တွင် ကုန်ဈေးနှုန်းများတက်မှုနှင့် ဂျုံ အမတော်ကြေး လျှော့ချမှုကို ဆန့်ကျင်ဆန္ဒပြ 

ပါကစ္စတန် ဂီဂစ် ဘောလ်တီစတန်တွင် ကုန်ဈေးနှုန်းများတက်မှုနှင့် ဂျုံ အမတော်ကြေး လျှော့ချမှုကို ဆန့်ကျင်ဆန္ဒပြ 

ပါကစ္စတန် ထိန်းချုပ်သော ကက်ရှ်မီးယား (PoK) ၏ ဂီဂစ် ဘောလ်တီစတန် ဒေသတွင် ဂျုံ အမတော်ကြေးပေးမှု လျော့ကျခြင်းနှင့် ဈေးနှုန်းများ မြင့်တက်ခြင်းတို့ကို ဆန့်ကျင်လျက် ဒေသခံပြည်သူတို့က ဆန္ဒပြစုဝေးပွဲတစ်ခုကို စီစဉ်လုပ်ဆောင်ခဲ့ကြသည်။

ဩဂုတ် ၂၆ ရက်က ပြုလုပ်ခဲ့သော  လူအများအပြားပါဝင်သည့် အဆိုပါဆန္ဒပြပွဲတွင် သပိတ်မှောက်မှုတစ်ခု လုပ်ရန် ဆော်ဩခဲ့သည်။ အဝါမီ အက်ရှင် ကော်မတီက ဩဂုတ် ၂၆ ရက်တွင် ဆန္ဒပြပွဲ ပြုလုပ်ရန် ဆော်ဩ ထားပြီး ဆန္ဒပြပွဲတွင် ပြည်သူများ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။

ဂီဂစ် ဘောလ်တီစတန်၏ စားနပ်ရိက္ခာရေးရာ ဝန်ကြီးအပေါ် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် စွဲဆိုထားမှုများ ရှိကြောင်း အဝါမီ အက်ရှင် ကော်မတီက စွပ်စွဲသည်။ အဆိုပါဝန်ကြီးသည် ဂျုံအိတ်ပေါင်း ၃၂၀၀၀ (တစ်အိတ်လျှင် ၁၀၀ ကီလို အလေးချိန်ရှိ) ကို တရားမဝင် ရောင်းချထားပြီး အစ္စလမ်မာဘတ်တွင် ရူပီး ၁၆ ကုဋေ တန်ဖိုးရှိ နေအိမ် တစ်လုံး ဆောက်လုပ်ထားသည်ဟု ၎င်းတို့က ပြောသည်။

 ဂီဂစ် ဘောလ်တီစတန်ဒေသအပေါ် ပါကစ္စတန်အစိုးရ၏ ထိုကဲ့သို့ အလေးမထားသည့် ပြုမူဆက်ဆံမှုကြောင့် မူလကတည်းက အထိမခံသော၊ ဖိစီးခံနေရသော ဒေသတစ်ခုတွင် နောက်ထပ် ဆန္ဒပြမှုများကို ထပ်မံပေါ်ပေါက် စေဖွယ် ရှိနေသည်။  

ပါကစ္စတန်အစိုးရသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွက် ဂီဂစ် ဘောလ်တီစတန်ကို ဂျုံ ထောက်ပံ့ကြေး ခွဲဝေမှုနှင့် ဖွံ့ဖြိုးရေး မဟုတ်သော ဘတ်ဂျက်တို့ကို အစောပိုင်းကတည်းက လျှော့ချထားသည်။ ယခုအခါ အစိုးရသည် အဆိုပါဒေသအတွက် ထောက်ပံ့ကြေး ခွဲဝေမှုကို ထပ်မံလျှော့ချရန် ကြိုးစားလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly