တရုတ်စီးပွားရေးကျဆင်းပြီး  သန်းနှင့် ချီသောလူငယ်များ အလုပ်အကိုင်ရရှိရန် ပြိုင်ဆိုင်မှု ပြင်းထန်လာ

တရုတ်စီးပွားရေးကျဆင်းပြီး  သန်းနှင့် ချီသောလူငယ်များ အလုပ်အကိုင်ရရှိရန် ပြိုင်ဆိုင်မှု ပြင်းထန်လာ

ကိုဗစ်-၁၉ ပိတ်ဆို့မှုများကြောင့် ကျဆင်းနေသည့် တရုတ်စီးပွားရေးကြောင့် သန်းနှင့် ချီသောလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာကာ အပြင်းအထန် ပြိုင်ဆိုင်နေရပြီး မသေချာမရေရာသော အနာဂတ်နှင့် ရင်ဆိုင်နေရသည်။

ဇူလိုင်လနှင့် သြဂုတ်လ ဘွဲ့နှင်းသဘင်ရာသီအတွင်း ဘွဲ့ရလူငယ်များလည်း လုပ်သားဈေးကွက်ထဲသို့ ထပ်မံဝင်ရောက်လာသဖြင့်  တရုတ်လူငယ်များ၏ ရှေ့ခရီးအတွက် အလားအလာမှေးမှိန်မှုများနှင့် ရင်ဆိုင် နေရကြောင်း The News Singapore သတင်းတွင် ဖော်ပြထားသည်။

တရုတ်မြို့ကြီးများတွင် နေထိုင်သည့် လူငယ် ၅ ဦးတွင် တစ်ဦးသည် ဇူလိုင်လတွင် အလုပ်လက်မဲ့ဖြစ်ခဲ့ရပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမြင့်ဆုံးစံချိန်တင်ခဲ့ကြောင်း၊ သြဂုတ် လတွင် ထုတ်ပြန်သည့် တရားဝင်အချက်အလက်များက ဖော်ပြထားသည်။

ဘွဲ့ရ ၁၁ သန်းနီးပါးသည် ယခုနှစ်နွေရာသီတွင် တရုတ်၏ ကျဆင်းနေသောအလုပ်အကိုင်ဈေးကွက်သို့ ဝင်ရောက်လာခဲ့ပြီး ဒုတိယသုံးလပတ်တွင် စီးပွားရေးတိုးတက်မှုနနှုန်းမှာ ဝ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ၂နှစ်အတွင်း အနိမ့်ဆုံးဖြစ်သည်။
 
ကုန်ထုတ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးကဏ္ဍများတွင် တိုးတက်မှုနှေး လာသဖြင့် ကာယလုပ်သားများကလည်း အလုပ်ရှာရန် ရုန်းကန်နေကြရသည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်မှ တရုတ်နိုင်ငံရေးဘောဂဗေဒကို အထူးပြုလေ့လာသော ဟိုဖန်ဟန်က "အချက် အလက်တွေက ဖော်ပြထားတာထက် လက်တွေ့အခြေအနေက ပိုဆိုးပါတယ်" ဟု ပြောကြားခဲ့သည်။

နည်းပညာအချက်အချာကျသော ရှန်းကျန့်ရှိ အလုပ်အကိုင်ပြပွဲတစ်ခုတွင် စိတ်ပူပန်သောကရောက်နေသော မိဘများနှင့် ဘွဲ့ရလူငယ်များသည် လူသစ်စုဆောင်းသူများနှင့် စကားပြောဆိုရန် အခွင့်အရေးကို စောင့်ဆိုင်း နေခဲ့သည်ဟု The News Singapore သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် တစ်နည်းတစ်ဖုံဖြင့် အလုပ်အကိုင်ရရှိသော ဘွဲ့ရများသည် နည်းပါးသည့်လုပ်ခလစာသာရရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly