ဂျပန်ပိုင်နက်အနက် တရုတ်က ဒုံးကျည်များ ပစ်လွှတ်ခြင်းက ဗြောင်ကျကျ ရန်စခြင်း ဖြစ်သည်

ဂျပန်ပိုင်နက်အနက် တရုတ်က ဒုံးကျည်များ ပစ်လွှတ်ခြင်းက ဗြောင်ကျကျ ရန်စခြင်း ဖြစ်သည်

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်သို့ လာရောက်ပြီးနောက် တရုတ်က ဂျပန်၏ သီးသန့် စီးပွားရေးဇုန်အတွင်းသို့ ပဲ့ထိန်းဒုံးကျည် ၅ စင်း ပစ်လွှတ်ခဲ့သည်။

အဆိုပါ လုပ်ရပ်သည် တရုတ်၏ ဗြောင်ကျကျ ရန်စသည့် လုပ်ရပ်ဖြစ်ကြောင်း Nikkei Asia တွင် အယ်ဒီတာအာဘော်ရေးသားသလို အကြီးတန်းဝန်ထမ်းလည်းဖြစ်သည့် ကာဆုဂျိနာကာဇာဝါက ရေးသားလိုက် သည်။ 

တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာန၏ ဩဂုတ် ၂ ရက် ညပိုင်း ထုတ်လွှင့်မှုသတင်းတွင် ပယ်လိုစီ၏ လေယာဉ် တိုင်ပေမြို့ ဆောင်ရှန်းလေဆိပ်သို့ ဆင်းသက်ပြီးခဏအကြာတွင် တရုတ်စစ်တပ်က ထိုင်ဝမ်ပတ်လည်တွင် ဇုန် ၆ ခုသတ်မှတ်ကာ ဩဂုတ် ၄ ရက်မှစတင်၍  စစ်ရေးလေ့ကျင့်မှုစတင်လုပ်ဆောင်ခဲ့ကြောင်း  ဖော်ပြခဲ့သည်။ 

ထိုင်ဝမ် အရှေ့ဘက်ဖြစ်သည့် တရုတ်၏ သီးသန့်စီးပွားရေးဇုန်နှင့် တစ်စိတ်တစ်ပို်ငး ဆက်ယှက်နေသည့်နေရာ သည်လည်းအပါအဝင် ဇုန်တစ်ခုဖြစ်သည်။ 

တရုတ်က ဒုံးကျည်များ ပစ်လွှတ်မှုသည် ဩဂုတ် ၄ ရက်တွင် စတင်ခဲ့သည်။ ညနေ ၄ နာရီထိုးပြီးနောက်တွင်  အိုကီနာဝါ စီရင်စုအတွင်းရှိ ဟတဲရုမ ကျွန်း အနောက်တောင်ဘက် ဂျပန် သီးသန့် စီးပွားရေး ဇုန်အတွင်းသို့ ဒုံးကျည် ၄ စင်း ကျရောက်ခဲ့သည်။ 

ဖုကျန်း ပြည်နယ် ကမ်းရိုးတန်းတစ်လျှောက်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည် ၄ စင်းသည် တိုင်ပေမြို့ပေါ်မှ ဖြတ်ကျော်ကာ ဂျပန် စီးပွားရေးဇုန်အတွင်းသို့ ကျရောက်ခဲ့ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

ယင်းဒုံးကျည်များသည် ကီလိုမီတာ ၅၀၀-၅၅၀ အတွင်း ပစ်လွှတ်လိုက်ခြင်းဖြစ်ကာ ထိုင်ဝမ်ကဲ့သို့ပင် အိုကီနာဝါကို တစ်ပြိုင်တည်း ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ကျန်ဒုံးကျည်များကို ကျဲ့ကျန်းခရိုင်မှ ပစ်လွှတ်ခြင်း ဖြစ်ကာ ကီလိုမီတာ ၆၅၀ ခန့် လေထဲတွင် ရောက်ရှိခဲ့ပြီးနောက် ဂျပန် သီးသန့် စီးပွားရေးဇုန်အတွင်းသို့ ကျရောက်ခြင်းဖြစ်ကြောင်းလည်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြေကြားသည်။

ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့များ တပ်စွဲထားသလို ရေဒါစခန်းများ ရှိနေသောကြောင့်  ရေနန်စဲအိကျွန်းများသို့ ကျဲ့ရှန်းဒေသမှ ဒုံးကျည်များ ပစ်ခတ်လာပါက ကြားဖြတ် ဟန့်တားနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required