ပါကစ္စတန်က ထိန်းချုပ်သော ကက်ရှ်မီးယားကို ပြည်နယ်အဆင့်အတန်း ပေးနိုင်ခြင်း မရှိဘဲဖြစ်နေ

By The Print
30 August 2022
ပါကစ္စတန်က ထိန်းချုပ်သော ကက်ရှ်မီးယားကို ပြည်နယ်အဆင့်အတန်း ပေးနိုင်ခြင်း မရှိဘဲဖြစ်နေ

ပါကစ္စတန် အာဏာပိုင်တို့သည် ၎င်းတို့ ထိန်းချုပ်ထားသော ကက်ရှ်မီးယား (PoK) ဒေသကို ပြည်နယ်အဆင့်အတန်း ပေးမည်ဟု ဆိုသည့် ၁၅ ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်မှု ဥပဒေမူကြမ်းကို ပြန်လည် ရုပ်သိမ်းခြင်းအားဖြင့် PoK ဒေသအပေါ် လှည့်စားမှု တစ်ကြိမ် ထပ်မံ ဖြစ်ပေါ်လာသည်။ 

အဆိုပါ ဖွဲ့စည်းပုံ ပြင်ဆင်ဖြည့်စွက်ချက် ဥပဒေမူကြမ်းကို အတည်ပြုရန် ပါကစ္စတန်အစိုးရ၏ ကြိုးပမ်းချက်များအပေါ် များများစားစား မျှော်လင့်ခဲ့ပြီးနောက်တွင် ဥပဒေပြုလွှတ်တော်က အဆိုပါ ဥပဒေကြမ်းကို ပြန်ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း Asian Lite International က ဖော်ပြသည်။

ထို ဥပဒေမူကြမ်းသည် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များအတွက် သီးခြား ရွေးကောက်ပွဲကော်မရှင်တစ်ခု ထူထောင်ဖွဲ့စည်းရေးကို မျှော်မှန်းခဲ့ပြီး ယင်းဥပဒေမူကြမ်းကို အတိုက်အခံ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) နှင့် ပါကစ္စတန် မွတ်စလင် အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ၏ ထောက်ခံမှုဖြင့် ၂၀၂၂ ခုနှစ် ဩဂုတ် ၁၃ ရက်တွင် အစိုးရက အဆိုတင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ၁၅ ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက်က PoK ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အဆင့်အတန်းကို အဆုံးအဖြတ်ပေးရန် ၂၄ ကြိမ်မြောက် ကြိုးပမ်းမှု ဖြစ်သည်ဟု Asian Lite International က ဖော်ပြသည်။

PoK ဒေသလွှတ်တော်အနေဖြင့် ဆုံးဖြတ်ရ ခက်သည့်အခြေအနေတွင် ရှိနေသော်လည်း ၁၉၄၇ ခုနှစ်က ပါကစ္စတန်၏ တရားမဝင် သိမ်းပိုက်ခြင်းကို ခံထားရသည့် နယ်မြေရှိ ပြည်သူများသည် ၎င်းတို့၏ အခွင့်အရေးများကို ဖျောက်ဖျက်ပစ်ရန် ပါကစ္စတန်အစိုးရ၏ ကြိုးပမ်းမှုကို အပြင်းအထန် ဆန့်ကျင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly