တရုတ်သမ္မတရှီ၏ သမီးဓာတ်ပုံကို ဝက်ဘ်ဆိုက်၌တင်မှုဖြင့်ထောင်ကျနေသူ၏ မိခင်က ရှီထံ အိတ်ဖွင့်ပေးစာ ရေးသား

တရုတ်သမ္မတရှီ၏ သမီးဓာတ်ပုံကို ဝက်ဘ်ဆိုက်၌တင်မှုဖြင့်ထောင်ကျနေသူ၏ မိခင်က ရှီထံ အိတ်ဖွင့်ပေးစာ ရေးသား

အာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်၏ သမီးဓာတ်ပုံကို ဝဘ်က်ဆိုက်၌ တင်ခဲ့ခြင်းကြောင့် အကျဉ်းချခံထားရသည့် အမျိုးသားတစ်ဦး၏ မိခင်က တရုတ်ခေါင်းဆောင်ထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသားခဲ့ပြီး ၎င်း၏သားမှာ အမှုဆင်ခံရခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

၂၀၁၉ ခုနှစ်က နျူတန်းယုအမည်ရှိ တရုတ်အမျိုးသားတစ်ဦးသည်  ရှီကျင့်ဖျင်၏ သမီးဓာတ်ပုံကို ဝက်ဘ်ဆိုက်၌ တင်ခဲ့သည်ဟု RFA က ဖော်ပြခဲ့သည်။ အသက် ၂၂ နှစ်အရွယ်ရှိ အဆိုပါအမျိုးသားသည် ထိုပြစ်မှုအတွက် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံထားရသည်။ 

နျူတန်းယုနှင့်သူ့မိသားစုမှာ ခြိမ်းခြောက်မှုများစွာကိုလည်း တွေ့ကြုံခဲ့ရသည်ဟု ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။

နျူတန်းယု၏ရှေ့နေများသည် အမှုကို လိုက်ပါဆောင်ရွက်ခြင်းမပြုရန် ဖိအားပေးခံခဲ့ရကာ လက်ရှိရှေ့နေမှာ ၁၄ ယောက်မြောက်ဖြစ်သည်ဟု နျူ၏မိခင်က ပြောသည်။

ရှေ့နေများသည် နျူတန်းယုနှင့်တွေ့ဆုံခွင့်မရကြောင်းနှင့် ကွမ်တုန်းတရားရုံးသို့ အကြိမ်ကြိမ် အယူခံဝင်ရန် ကြိုးစားပြီး တောင်းဆိုသည့်တိုင် တရားရုံးက ထိုသို့သောတောင်းဆိုမှုများ လက်ခံရရှိခြင်းမရှိကြောင်း ပြောသည်ဟု မိခင်ဖြစ်သူက ပြောပြသည်။

အစောပိုင်းက အမေရိကန်ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ် ဗစ်ကီဟာဇလာ က"တရုတ်ကွန်မြူနစ်ပါတီဝင်များအား အဆင့်မြင့်ပညာသင်ယူခွင့်တားမြစ်သည့် အက်ဥပဒေ" မိတ်ဆက်စဉ်က  ရှီကျင့်ဖျင်၏ တစ်ဦးတည်းသောသမီး ရှီမင်ကျိသည် အမေရိကတွင် နေထိုင်နေကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ 

တရုတ်သည် လူမှုမီဒီယာတွင်အကြောင်းအရာအမျိုးမျိုးအပေါ်ဝေဖန်မှု သို့မဟုတ် သရော်စာများရေးသား မှုများအတွက် တရားစွဲဆိုကာ ရံဖန်ရခါ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်သည်။

 နိုင်ငံသားများ၏ဘဝနှင့် ဆက်သွယ်ပြောဆိုမှုများကို အစိုးရစောင့်ကြည့်မှုသည် မကြာသေးမီနှစ်များအတွင်း သိသိသာသာ တိုးလာပြီး အွန်လိုင်းနှင့် လက်တွေ့ပြင်ပတွင် ပြောဆိုမှုများကိုလည်း တားမြစ်ကန့်သတ်မှုများ ပြုလုပ်လာခဲ့သည်။

စမတ်ဖုန်းများမှ အချက်အလက်များကို အလျင်အမြန် ထုတ်ယူခြင်းနှင့် ထောက်လှမ်းခြင်းများလုပ်ရန် ရဲတပ်ဖွဲ့ဝင်များအသုံးပြုသည့် ကိရိယာများကို ရှင်ကျန်းတွင် စတင်အသုံးပြုခဲ့ကာ ယခုအခါ နိုင်ငံအဝှမ်းတွင် အသုံးပြုနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly