တရုတ်တွင် ကျွမ်းကျင်လုပ်သားနည်းပါးမှုက စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေ

တရုတ်တွင် ကျွမ်းကျင်လုပ်သားနည်းပါးမှုက စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေ

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံတွင် အလုပ်အကိုင်များနှင့် ပညာရေးအကြား အဆီအငေါ်မတည့်မှုက လူငယ်များကို အကျပ်ရိုက်စေသောကြောင့် နိုင်ငံ၏စီးပွားရေးအနာဂတ်မှာ မှုန်ဝါးသလို ဖြစ်နေသည်။

တရုတ်တွင် ငွေကုန်ကြေးကျများလှသောပညာရေးကြောင့် တရုတ်လူငယ် သန်းပေါင်းများစွာအကြားတွင် ကျေးလက်-မြို့ပြကွဲပြားမှုဖြစ်လာသဖြင့် နိုင်ငံအတွင်း ကျွမ်းကျင်လုပ်သား မလုံမလောက်ဖြစ်ကာ တခြားသော အချက်များအကြားတွင် နှောင့်နှေးနေပြီးသားစီးပွားရေးအပေါ် ထပ်မံသက်ရောက်ခဲ့သည်။

နိုင်ငံအတွင်း၌ ပညာရေးလမ်းကြောင်းသည် အကုန်အကျများပြီး အချိန်ပေးရသည်။ သို့သော် ကောလိပ်ဘွဲ့ရ ကျွမ်းကျင် လူငယ်အများအပြားသည် အဆင့်နိမ့်သောအလုပ်အတွက် ယှဉ်ပြိုင်နေရသည်ကို ကြည့်ခြင်းအားဖြင့် ရလဒ်များမှာ အားရကျေနပ်စရာမရှိပေ။

အခြားတစ်ဖက်ကကြည့်လျှင် လူငယ်များသည် အသက်မွေးဝမ်းကျောင်းပညာရေးကို ပိုမိုနှစ်သက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက အလုပ်သမားဈေးကွက်တွင် ခေါ်ဆိုသောအလုပ်များအတွက် လိုအပ်သော ကျွမ်းကျင်မှုများနှင့် အံဝင်ခွင်ကျဖြစ်သောကြောင့်ဖြစ်သည်။ သို့သော် ၎င်းအလုပ်များမှာ လစာနည်းပါးပြီး သက်မွေးမှုလုပ်ငန်း တိုးတက်မှုအတွက် အခွင့်အလမ်းမရှိပေ။

ကျေးလက်ဒေသများမှ လာကြသော လူငယ်များသည် ပညာရေးအဆင့်နိမ့်ခြင်းကြောင့် အသက်မွေးဝမ်းကျောင်း ပညာကို ပိုနှစ်သက်ကြသည်။ ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှု၊ အလုပ်ဈေးကွက် လိုက်ဖက်မညီမှုနှင့် ပညာလွန်ကဲမှုတို့ကြောင့် အလုပ်ခန့်အပ်မှုဆိုင်ရာစိန်ခေါ်မှုများမှာ ပိုမိုဆိုးရွားလာသည်။

သို့သော်  တရုတ်နိုင်ငံတွင် တက္ကသိုလ်ဘွဲ့ရများပြားပြီး ကျွမ်းကျင်လုပ်သားများ အလုံအလောက်မရှိခြင်းကို  ရင်ဆိုင်နေရဆဲဖြစ်သောကြောင့် နိုင်ငံတွင်း အလုပ်အကိုင်ဈေးကွက် အခြေအနေကို စိန်ခေါ်နေသည်ဟု Financial Post က ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံလုပ်သားအင်အားတွင် ပညာမတတ်သောအလုပ်သမားအရေအတွက်မှာ ဝင်ငွေအလယ်အလတ်ရှိ နိုင်ငံများအားလုံးနီးပါးရှိ အရေအတွက်ထက် ပိုများကြောင်း နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များက ပြသနေသည်။ တရုတ်နိုင်ငံတွင် အသက် ၁၈ နှစ်မှ ၆၅ နှစ်အကြား အထက်တန်းကျောင်းမပြီးသူ အကြမ်းဖျင်းအားဖြင့် သန်း ၅၀၀ ခန့်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly