ပါကစ္စတန် ရေဘေးအပေါ် တုံ့ပြန်ဆောင်ရွက်မှု အားနည်းခြင်းအတွက် အစိုးရနှင့် အတိုက်အခံတို့ကို လူ့အခွင့်အရေးကော်မရှင် ဝေဖန်

ပါကစ္စတန် ရေဘေးအပေါ် တုံ့ပြန်ဆောင်ရွက်မှု အားနည်းခြင်းအတွက် အစိုးရနှင့် အတိုက်အခံတို့ကို လူ့အခွင့်အရေးကော်မရှင် ဝေဖန်

ပါကစ္စတန်နိုင်ငံတွင် ရေဘေးကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးမှုများ တွေ့ကြုံရစဉ် အစိုးရနှင့် အတိုက်အခံတို့ဘက်က စိတ်အားထက်သန်စွာ တုံ့ပြန်ကိုင်တွယ်မှု မရှိခြင်းအတွက် ဝမ်းနည်းစိတ်ပျက်ရကြောင်း ပါကစ္စတန် လူ့အခွင့်အရေးကော်မရှင် (HRCP) က ပြောသည်။

ထို့ပြင် နိုင်ငံတစ်ဝန်း ရေကြီးမှုများကြောင့် လူ့အသက်များနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အကြီးအကျယ် ဆုံးရှုံးခဲ့ရမှုအတွက် အလွန်တရာ စိုးရိမ်ပူပန်ကြောင်း HRCP က ထုတ်ဖော်ခဲ့သည်။

အထူးသဖြင့် ဘာလိုချီစတန်၊ ဆင်းဒ်နှင့် ပန်ဂျပ်ပြည်နယ် တောင်ပိုင်းတို့ အပါအဝင် နိုင်ငံတစ်ဝန်း ရေကြီးမှုများကြောင့် လူ့အသက်များနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးခဲ့ရမှုအတွက် အလွန်တရာ စိုးရိမ်ပူပန်ကြောင်း HRCP က ပြောသည်။

ရေကြီးမှုများကြောင့် သေဆုံးသူဦးရေစာရင်း တိုးလာနေသည့်တိုင် ဖက်ဒရယ်အစိုးရ ၊ ပြည်နယ်အစိုးရများနှင့် နိုင်ငံရေးအတိုက်အခံအုပ်စုတို့ဘက်က ရေဘေးကြောင့် ထိခိုက်မှုများအပေါ် စိတ်ဝင်စားမှု မရှိခြင်းက ပေါ်လွင်ထင်ရှားကြောင်း၊ ၎င်းတို့သည် ထိပ်တိုက်ရင်ဆိုင်တွေ့သည့် နိုင်ငံရေး၊ အာဏာပါဝါအတွက် ပြိုင်ဆိုင်ခြင်းနှင့် အန္တရာယ်ရှိသော ပြောဆိုမှုများထက် လူ့အသက်အိုးအိမ်များကို ပိုမို ဦးစားပေးနိုင်ခြင်း မရှိခဲ့ကြောင်း HRCP ၏ ဥက္ကဋ္ဌ ဟီနာ ဂျီလာနီက ပြောသည်။

နိုင်ငံတွင် ရေကြီးမှုကြောင့် ဖြစ်ပေါ်သော ထိခိုက်သက်ရောက်မှုများအပြင် ရာသီဥတု အကျပ်အတည်းများအတွက် ဖြေရှင်းချက်နည်းလမ်းများ ရှာဖွေခြင်းအပေါ် အာရုံစိုက်ရန် သူမက ပါကစ္စတန်အစိုးရနှင့် အတိုက်အခံတို့ကို တိုက်တွန်းခဲ့သည်။

“ဒီနှစ် ရာသီဥတု ပုံစံတွေက နိုင်ငံအတွက် အကျပ်အတည်းဒုက္ခ ကျရောက်နိုင်တဲ့ အခြေအနေအဖြစ် သတ်မှတ်ရပါလိမ့်မယ်။ ရေရှည်မှာ ပါကစ္စတန်ရဲ့ ရှင်သန်မှုက ရာသီဥတု အကျပ်အတည်းတွေအတွက် ဖြေရှင်းချက်နည်းလမ်းတွေ ရှာဖွေတာကို ပြည်သူတွေအတွက် စတင်လုပ်ဆောင်ပေးနိုင်စွမ်းအပေါ်မှာပဲ မူတည်ပါတယ်” ဟု HRCP က ဩဂုတ် ၂၂ ရက် လာဟိုးမြို့ သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly