တရုတ်စစ်လေယာဉ် ၂၃ စင်းနှင့် ရေတပ်သင်္ဘော ၈ စင်း ထိုင်ဝမ်အနီး သွားလာနေ

တရုတ်စစ်လေယာဉ် ၂၃ စင်းနှင့် ရေတပ်သင်္ဘော ၈ စင်း ထိုင်ဝမ်အနီး သွားလာနေ

တရုတ်ရေတပ်မှ သင်္ဘော ၈ စင်းနှင့် တရုတ်စစ်လေယာဉ် ၂၃ စင်းတို့သည် ဩဂုတ် ၂၈ ရက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ဝန်းကျင်၌ သွးလာလျက်ရှိကြေင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၉ ရက်တွင် ပြောသည်။ 

“ဩဂုတ် ၂၈ ရက် ညနေ ၅ နာရီလောက်ထိ ရေတပ်သင်္ဘော ၈ စင်းနဲ့ တရုတ်စစ်လေယာဉ် ၂၃ စင်းကို ကျွန်တော်တို့ ဒေသဝန်းကျင်မှာ တွေ့ရပါတယ်။ 
ထိုင်ဝမ်စစ်တပ်က အခြေအနေကို စောင့်ကြည့်နေပြီး ကင်းလှည့်လေယာဉ်၊ ရေယာဉ်နဲ့ မြေပြင်အခြေစိုက် ဒုံးကျည်စနစ်တွေနဲ့ လှုပ်ရှားမှုတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်" ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တွစ်တာ၌ ရေးသားခဲ့သည်။

ကူမင်တန် ဒု-ဥက္ကဋ္ဌက တရုတ်နိုင်ငံရီးစဉ်မှပြန်လာပြီး ထိုင်ဝမ်သို့ပြန်လည်ရောက်လာချိန် ဩဂုတ် ၂၇ ရက် ညနေ ၅ နာရီလောက်ကလည်း ထိုင်ဝမ်တစ်ဝိုက်၌ တရုတ်လေယာဉ် ၂၁ စင်းနှင့် သင်္ဘော ၅ စီးကို တွေ့ရှိခဲ့သည်။

ပျံသန်းခဲ့သောလေယာဉ်များတွင် ရှန်ယန်း J-16တိုက်လေယာဉ် ၇ စင်း၊ ရှီအန်း H-6ဗုံးကြဲလေယာဉ် ၄ စင်းနှင့် ချန်ဒူ J-10ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ် ၂ စင်းတို့ပါဝင်သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ထိုင်ဝမ်သည် တရုတ်တို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်တုံ့ပြန်ရန်ရေဒီယိုသတိပေးချက်များကို ထုတ်ပြန်ကာကင်းလှည့်လေယဉ် (CAP)၊ ရေတပ်သင်္ဘောများနှင့် မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များကို တပ်ဖြန့်ထားကြောင်း Taiwan News က ဖော်ပြသည်။

ကူမင်တန် ဒု-ဥက္ကဋ္ဌ အန်ဒရူးစီယာသည် တရုတ်တွင် သီတင်း ၂ပတ်ကျော်ကြာနေပြီး ထိုင်ဝမ်သို့ ပြန်လာသည့်အချိန်တွင် ထိုသို့ကျူးကျော်ဝင်ရောက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။ ထိုင်ဝမ်ကို ခြိမ်းခြောက်နေသော စစ်ရေးလေ့ကျင့်မှုကြီးများအတွင်း သွားရောက်ခဲ့သည့် အန်ဒရူး၏ ခရီးစဉ်အပေါ်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုများ ရှိနေသည်။

ကူမင်တန်အရာရှိက ၎င်း၏ ခရီးစဉ်၏ ထိုင်ဝမ်ကျောင်းသားများ စီးပွားရေးသမားများနှင့် တွေ့ဆုံရန်ဖြစ်ကြောင်း ပြောဆိုကာ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် တရုတ်ဆက်ဆံရေးအသင်း (ARATS) အကြီးအကဲ ကျန်းကျိဂျန်းနှင့် ညစာစားပွဲကိုလည်း တက်ရောက်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ထိုင်ဝမ်ကို အုပ်ချုပ်ဖူးခြင်းမရှိသော်လည်း ၎င်း၏အချုပ်အခြာအာဏာပိုင်ဖြစ်ကြောင်း အခိုင်အမာပြောဆိုထားကာ ထိုင်ဝမ်ရေလက်ကြားကို ၎င်း၏ရေပိုင်နက်အစိတ်အပိုင်းအဖြစ် မှတ်ယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly