ဥရောပနှင့် ပစိဖိတ် အင်အားကြီး နိုင်ငံများ ဝင်ရောက် လှုပ်ရှားလာခြင်းကြောင့် အရှေ့တောင်အာရှရှိ တရုတ်၏ ပိုးလမ်းမသစ် ရည်မှန်းချက်များ တိုးတက်မှုမရှိ

ဥရောပနှင့် ပစိဖိတ် အင်အားကြီး နိုင်ငံများ ဝင်ရောက် လှုပ်ရှားလာခြင်းကြောင့် အရှေ့တောင်အာရှရှိ တရုတ်၏ ပိုးလမ်းမသစ် ရည်မှန်းချက်များ တိုးတက်မှုမရှိ

အရှေ့တောင်အာရှတွင် "ပိုးလမ်းမသစ်" အခြေခံအဆောက်အအုံစီမံကိန်းများကို အသုံးချကာ  တရုတ်က တရုတ်ကုန်ပစ္စည်းများအပေါ် စွဲလမ်းခဲ့သည့် တစ်ချိန်က အစဉ်အလာဟောင်းများကို ပုံတူကူးရန် ကြိုးပမ်း  လျက်ရှိသည်။

သို့သော် ယခုအခါတွင် ဥရောပနှင့် ပစိဖိတ်အင်အားကြီးနိုင်ငံများက ယင်းတို့၏ အာရှကုန်သွယ်ရေး မိတ်ဖက် များကို အခြားရွေးချယ်စရာတစ်ခုကမ်းလှမ်းလာသဖြင့် တရုတ်နှင့် အပြိုင်ဖြစ်လာသည်။

အမေရိကန်၊ ဥရောပနှင့် အိန္ဒိယတို့သည် ထိုင်းမှ ဗီယက်နမ်အထိ ဒေသတွင်း ကုန်ပစ္စည်း ထုတ်လုပ်မှု ကွင်းဆက်များ တည်ဆောက်ပြီး ပိုမိုဆွဲဆောင်သဖြင့် တရုတ်အတွက် ခက်ခဲသော ပြိုင်ဆိုင်မှုတစ်ရပ်ကို လုပ်ဆောင် နေကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။

အရှေ့ဖျားနှင့် တရုတ်ကို အရှေ့အလယ်ပိုင်း၊ ဥရောပတို့နှင့် ဆက်သွယ်ပေးသည့် ပိုးလမ်းမသည် ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်ပြီး ဗြိတိန်သုံးစွဲသူများကြား ရေပန်းစားလာခဲ့သည့် တရုတ်ပြာဖြူကြွေထည်များကို ဥရောပတွင် တစ်ခါက စွဲလမ်းခဲ့ဖူးသည်။

အစွဲအလမ်းကြီးလွန်းသဖြင့် ၁၈၀ဝ ပြည့်နှစ် နှောင်းပိုင်းတွင် ယင်းဖြစ်စဉ်ကို "Chinamania" ဟုအမည်ပြောင် ပေးခဲ့သည်။

သို့သော် ယခုအခါ တရုတ်၏ အာရှပိုးလမ်းမသို့ အခြားအင်အားကြီးနိုင်ငံများက ဝင်ရောက်လာပြီး  အခြား ရွေးချယ်စရာများကို ကမ်းလှမ်းလာသဖြင့် တရုတ်အတွက် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာခဲ့သည်။ 

အရှေ့တောင် အာရှရှိ တရုတ်တံခါးပေါက်တွင် တိုက်ပွဲမှာ ပိုမိုပြင်းထန်လျက်ရှိသည်။ တံတားများနှင့် ဆိပ်ကမ်း များသည် ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစီးပွားရေးနှင့် ကုန်ထုတ်လုပ်ရေး အဓိကရေးကွင်းဆက် အချက်အချာ ကျသောနိုင်ငံ အချို့၏ အခြေခံအဆောက်အအုံလိုအပ်ချက်များကို ဖြည့်ဆည်းရန် ပေါ်ထွက်လာခဲ့သည်။

ဂျပန်သည် ဒေသတွင်း ကုန်တင်ကားနှင့် ရထားလမ်းအတွက် အဓိကအလှူရှင်ဖြစ်ခဲ့သော်လည်း တရုတ်က ကိုယ်ပိုင်ကုန်သွယ်မှုကွန်ရက်များတည်ဆောက်ရန် လွန်ခဲ့သည့်ဆယ်စုနှစ်နီးပါးက ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) ကို အကောင်အထည်ဖော်ခြင်းဖြင့် အခြေအနေကို ပြောင်းလဲခဲ့သည်။

ဒီမိုကရက်တစ် မဟာမိတ်များက ရည်မှန်းချက်ကြီးပြီး ထပ်နေသည့် နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍစပ်ကြား စီမံကိန်းများစွာကို ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required