တင်းမာမှုများ မြင့်တက်နေခြင်းကြောင့် အမေရိကန်ရှိ တရုတ်ကုမ္ပဏီများ၏ အနာဂတ် မရေရာ ဖြစ်နေ

တင်းမာမှုများ မြင့်တက်နေခြင်းကြောင့် အမေရိကန်ရှိ တရုတ်ကုမ္ပဏီများ၏ အနာဂတ် မရေရာ ဖြစ်နေ

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်သို့ လာရောက်ပြီးနောက် တရုတ်နှင့် အမေရိကန်တို့ အကြား တင်းမာမှုမြင့်တက်လာခြင်းသည် အမေရိကန်တွင် ဖွံ့ဖြိုးတိုးတက်လာသည့် တရုတ်ကုမ္ပဏီများ၏ အနာဂတ်မှာ ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကာ ၎င်းတို့၏ ကုန်ပစ္စည်းအမှတ်တံဆိပ်များ အမေရိကန် နိုင်ငံအတွင်း ပိုမိုအားကောင်းအောင် လုပ်ဆောင်ရန် အခက်အခဲများရှိလာသည်။ 

အမေရိကန်ရှိ တရုတ်ကုန်သည်ကြီးများအသင်းက အမေရိကန်နိုင်ငံအတွင်း တရုတ်စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့်  နှစ်ပတ်လည် စီးပွားရေးလေ့လာစမ်းစစ်လေ့လာချက် တစ်စောင်ကို ယခုနှစ်နွေရာသီ၌ ထုတ်ပြန်ခဲ့ရာတွင် လာမည့်နှစ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်မည်ဟု ဖြေဆိုသူ ၁၀ ရာခိုင်နှုန်းသာ ရှိခဲ့ရာ ၂၀၁၈ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်သည်ဟု Asia Nikkei သတင်းဌာနက ဖော်ပြခဲ့သည်။

လေ့လာမှုစစ်တမ်းတွင် ပြန်လည်ဖြေဆိုခဲ့သူ ကုမ္ပဏီ ၁၁၁ ခုအနက် ၃၉ ရာခိုင်နှုန်းက ယခုနှစ်အတွင်း အမေရိကန်နှင့် တရုတ် စီးပွားရေးနှင့် ကုန်သွယ်မှု ဆက်ဆံရေးများ တိုးတက်မည်ဆိုသော အမြင်ကို လက်မခံခဲ့ကြပဲ ၁၉ ရာခိုင်နှုန်းက နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသည် ယခုနှစ်အတွင်း အသင့်အတင့် သို့မဟုတ် သိသာစွာ တိုးတက်လိမ့်မည်ဟု ဖြေဆိုခဲ့ကြသည်။

တရုတ်ကုန်သည်ကြီးများအသင်း (CGCC) ၏  ဆက်သွယ်ရေးနှင့် သုတေသနဌာန ဒါရိုက်တာ အဘီလီက “ ကုမ္ပဏီတွေရဲ့ တရုတ်နိုင်ငံမှာရှိတဲ့ ရုံးချုပ်တွေ။ သူတို့ရဲ့ မိခင်ကုမ္ပဏီတွေနဲ့ အမေရိကန်ဈေးကွက်မှာ သူတို့ရဲ့ ယုံကြည်ချက်က ခိုင်မာတည်ငြိမ်မှာ မရှိပါဘူး” ဟု ပြောကြားသည်။

တရုတ်ကုမ္ပဏီများအနေဖြင့် အမေရိကန် ဥပဒေများနှင့် ကိုက်ညီရန် ခက်ခဲသည့် အချိန်အခါဖြစ်လာကြောင်း လည်း  CGCC ၏ လေ့လာစမ်းစစ်မှုတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly