အပူလှိုင်းများကြောင့် ထိခိုက်နေသည့် တရုတ်စီးပွားရေး ပိုမိုဆိုးရွားနိုင်

အပူလှိုင်းများကြောင့် ထိခိုက်နေသည့် တရုတ်စီးပွားရေး ပိုမိုဆိုးရွားနိုင်

တရုတ်တွင် အပူလှိုင်းကြောင့် မိုးခေါင်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်း နှင့် ဆယ်စုနှစ်ပေါင်းများစွာ ပတ်ဝန်းကျင်ဆန့်ကျင်ရေးမူဝါဒများကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းကွင်းဆက်များ အခက်အခဲ ကြုံရသဖြင့် တရုတ်စီးပွားရေးအပေါ် ဆိုးရွားစွာ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။

အပူလှိုင်းများကြောင့် ယန်ဇီမြစ်ဝှမ်းဒေသများ ခန်းခြောက်ခြင်း၊ ဓာတ်အားထောက်ပံ့ရေးကို ထိခိုက်ခဲ့ပြီး စက်ရုံ များပိတ်ခြင်း၊ သီးနှံအထွက်နှုန်းထိခိုက်ခြင်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ ပျက်စီးခြင်းတို့ကြောင့် တရုတ် အစိုးရ က ယင်း၏ ပထမဆုံးသော မိုးခေါင်ရေရှား အရေးပေါ်အခြေအနေကို ကြေညာခဲ့သည်။

ယင်းအပူလှိုင်းများသည် ကိုဗစ်-၁၉ ကပ်ရောဂါထက် ယင်း၏ စီးပွားရေးကို ပိုမိုထိခိုက်စေနိုင်သည်။

Hang Seng Bank China မှ စီးပွားရေးပညာရှင်အကြီးအကဲ ဒန်ဝမ်က အပူလှိုင်းသည် နောက်ထပ် နှစ်လမှ သုံးလအထိ ကြာမြင့်နိုင်ခြင်းကြောင့် နိုင်ငံ့စီးပွားရေးသည် ဆိုးရွားသော အခြေအနေတွင် ရှိနေသည်ဟု ဆို သည်။

"ယင်းသည် စွမ်းအင်သုံးစွဲမမှုများသော စက်မှုလုပ်ငန်းများကို ထိခိုက်စေမည်ဖြစ်ပြီး၊ ယင်းသည် စီးပွားရေး တစ်ခုလုံးနှင့် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်အထိ ဆင့်ပွားသက်ရောက်မှုရှိနိုင်သည်" ဟု ဝမ် ပြောကြားချက်ကို Hong Kong Post က ကိုးကား၍ ဖော်ပြခဲ့သည်။

မီဒီယာများ၏ ဖော်ပြချက်အရ သစ်တောပြုန်းတီးမှု၊ ရေရှည်မတည်တံ့နိုင်သော ရေကာတာများနှင့် လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ထိန်းချုပ်မှုမရှိသော ကာဗွန်ထုတ်လွှတ်မှုတို့သည် တရုတ်၏ ဂေဟဗေဒဆိုင်ရာ ဟန်ချက်ညီမှုကို ပျက်ပြားစေခဲ့သည်။

ယခုအခါ မကြုံစဖူး ပြင်းထန်သော အပူချိန်များကြောင့် ယင်းသက်ရောက်မှုများမှာ ထင်ရှားလာနေသည်။

လွန်ခဲ့သည့် နှစ် ၂၀ အတွင်း တရုတ်နိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ၁၀ ဒသမ ၉ သန်း ဟက်တာ ဆုံးရှုံးခဲ့ပြီး အစိမ်းရောင်ဖုံးလွှမ်းမှု ၆ ဒသမ ၇ ရာခိုင်နှုန်းနှင့် CO2e ထုတ်လွှတ်မှု ၄ ဒသမ ၆၈ Gtဆုံးရှုံးခဲ့သည်။

 နိုင်ငံအနှံ့အပြားတွင် အပူလှိုင်းများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် လေးဆင့်သတိပေး စနစ်တွင် အပြင်းထန်ဆုံးသတိပေးချက်ဖြစ်သည့် အပူချိန်မြင့်မားမှုအတွက် အနီရောင်သတိပေးချက်အသစ်ကို နိုင်ငံအဆင့် လေ့လာစောင့်ကြည့်ရေးဌာနက ပြန်လည်ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly