တရုတ်အနောက်တောင် ကမ်းရိုးတန်းမြို့ ဟေ့ဟိုင်တွင် ဒေသခံများ၏ ဆန္ဒပြမှုကြောင့် ကိုဗစ် ကန့်သတ်ချက်များကို အာဏာပိုင်များ ဖြေလျော့ပေး

တရုတ်အနောက်တောင် ကမ်းရိုးတန်းမြို့ ဟေ့ဟိုင်တွင် ဒေသခံများ၏ ဆန္ဒပြမှုကြောင့် ကိုဗစ် ကန့်သတ်ချက်များကို အာဏာပိုင်များ ဖြေလျော့ပေး

တရုတ်တွင် တစ်လကျော်ကြာ တင်းကျပ်သော ကိုဗစ်ကန့်သတ်ချက်များကို မကျေမနပ်ကြောင်း ဆန္ဒပြ နေကြသည့် ဒေသခံများကို ကွမ်ရှီပြည်နယ်အာဏာပိုင်များက အလျော့ပေးလိုက်လျောလိုက်ပုံရသည်။

သြဂုတ်လ ၁၅ ရက် ည ၉ နာရီ ၅၅ မိနစ်ဟု ဖော်ပြထားသည့် အွန်လိုင်းစကားပြောခန်းတစ်ခု၏ ဓာတ်ပုံများတွင် "ကျို" ဟု အမည်ရသည့် အသုံးပြုသူတစ်ဦးက "ပေ့ဟိုင်မြူနီစီပယ်အစိုးရသည် မနက်ဖြန်တွင် ကိုဗစ်ကန့်သတ် ချက်များကို ရုပ်သိမ်းရေး အရေးပေါ်ကြေညာရန် အစည်းအဝေးတစ်ခု ကျင်းပနေ ပါသည်" ဟု ပြောကြားခဲ့ ကြောင်း Vision Times ကဖော်ပြခဲ့သည်။ 

ဩဂုတ်လ ၁၅ ရက်တွင် ဗီယက်နမ်နယ်စပ်မှ မိုင် ၅၀ ခန့် ကွာဝေးသော လူဦးရေ ၁ ဒသမ ၅ သန်း ရှိသော ပေ့ဟိုင်မြို့၏ မြူနီစီပယ်အစိုးရသည် “အလုပ်ပြန်လုပ်မယ်၊ အလုပ်ပြန်လုပ်မယ်” ဟု ကြွေးကြော်နေသည့် ဆန္ဒပြသူများကို တုံ့ပြန်ခဲ့သည့်အနေဖြင့် နောက်တစ်နေ့တွင် ပိတ်ဆို့ကန့်သတ်မှုကို ရုပ်သိမ်းပေးမည်ဟု ကတိပြုခဲ့သည်။

အွန်လိုင်းမှ ရရှိသည့် အချက်အလက်များအရ တံငါသည်များသည် လုပ်ငန်းချက်ချင်း ပြန်လည် စတင်နိုင်ခဲ့ ကြောင်း Vision Times က ဖော်ပြခဲ့သည်။

“သြဂုတ်လ ၁၅ ရက်တွင် ပိတ်ဆို့ကန့်သတ်ခံရသူများသည် မြို့တွင်းစစ်ဆေးရေးဂိတ်များကို ရုတ်တရက် တိုက် ခိုက်ခဲ့ပြီးလမ်းများပေါ်သို့ ပြေးထွက်လာသဖြင့် ပေ့ဟိုင်မြူနီစပယ်အစိုးရက တားမြစ်ချက်များကို သြဂုတ် ၁၅ ရက် တွင် ရုပ်သိမ်းကြောင်း အရေးပေါ်ကြေညာခဲ့ရသည်" ဟု ပေ့ဟိုင်တွင် ဖြစ်ပွားခဲ့သော မငြိမ်မသက်ဖြစ် သည့်အခြေအနေများကို ဖော်ပြသည့် တရုတ်လူမှုမီဒီယာပို့စ် တစ်ခုတွင် ဖော်ပြထားသည်။

"ပေ့ဟိုင်ကမ်းလွန်ပင်လယ်ပြင်သို့ တံငါသည်များ အလုပ်ဝင်ရမည့်အချိန်ကို မူလက စက်တင်ဘာ ၁၆ ရက်အထိ ရွှေ့ဆိုင်းခဲ့ခြင်းကြောင့် လူအများ ဒေါသထွက်ခဲ့ရသည်" ဟု ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ပေ့ဟိုင်၏ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနချုပ်မှ "ပေ့ဟိုင်မြို့၏ ဧရိယာတစ်ခုလုံးသည် ပုံမှန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဆင့်သို့ ရောက်ရှိပြီဖြစ်ကြောင်း" ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သြဂုတ် ၁၇ ရက်တွင် တရုတ်အစိုးရပိုင်သတင်းစာ The Paper မှ ဖော်ပြခဲ့သည်။

တရုတ်၏ ပြင်းထန်လွန်းသော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို စိတ်ပျက်နေကြသည့် ကွမ်ရှီးပြည်နယ် နေထိုင် သူများသည် တစ်လကျော်ကြာ တင်းကျပ်သော ကန့်သတ်ချက်များကို လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required