တရုတ်ဆိုင်ရာ ကမ္ဘာ့ပါလီမန်အဖွဲ့ညီလာခံကို လာမည့်လတွင် ဝါရှင်တန်၌ ကျင်းပမည်

တရုတ်ဆိုင်ရာ ကမ္ဘာ့ပါလီမန်အဖွဲ့ညီလာခံကို လာမည့်လတွင် ဝါရှင်တန်၌ ကျင်းပမည်

နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ဒီမိုကရေစီဆန်သော ပြုပြင်ပြောင်းလဲစိတ်ရှိသည့် ဥပဒေပြုအမတ် ၂၀၀ ကျော်သည် ဝါရှင်တန်၌ နှစ်ပတ်လည်ညီလာခံကို စက်တင်ဘာ ၁၂ မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း အမေရိကန် အခြေစိုက် Politico သတင်းဝက်ဘ်ဆိုက်၌ဖော်ပြထားသည်။

“တရုတ်အစိုးရဟာ ထိုင်ဝမ်ကို ဆန့်ကျင်တဲ့ စစ်ရေးဆောင်ရွက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ယူကရိန်းကို အသိတရားမဲ့စွာကျူးကျော်တဲ့ ရုရှားကို သွယ်ဝိုက်ထောက်ပံ့နေချိန် အရေးကြီးတဲ့အချိန်မှာ ဒီညီလာခံ ကျင်းပတာပါ” ဟု ဘယ်လ်ဂျီယံလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် တရုတ်ဆိုင်ရာ နိုင်ငံတကာ ပါလီမန်မဟာမိတ်အဖွဲ့(IPAC) ဒု-ဥက္ကဋ္ဌဖြစ်သူ ဆမ်မြူရယ်ကော့ဂိုလာတီက ပြောသည်။

တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးကို မြှင့်တင်ရန်နှင့် ထိုင်ဝမ်၏ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်ရန် အစိုးရများက ပူးပေါင်းလုပ်ဆောင်နိုင်မည့်နည်းလမ်းကို ဆွေးနွေးရေးအတွက် အမတ်ပေါင်း ၆၀ ကျော် တက်ရောက်မည်ဖြစ်သည်။

ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် နယူးဇီလန်မှ IPAC အဖွဲ့ဝင်များသည် ဥပဒေပြုအမတ်များဆိုင်ရာ အင်ဒို-ပစိဖိတ်ဖိုရမ်စတင်သည့်အကြောင်း ယခုလအစောပိုင်းက ကြေညာခဲ့သည်။

IPAC အင်ဒို-ပစိဖိတ်ဖိုရမ်သည် တရုတ်အစိုးရနှင့် ဆော်လမွန်ကျွန်းစုများအကြား မကြာသေးမီက လက်မှတ် ရေးထိုးခဲ့သည့် လုံခြုံရေးသဘောတူညီချက်ကဲ့သို့ဒေသတွင်းတွင် တရုတ်နိုင်ငံ၏ ကြီးထွားလာနေသော သြဇာ လွှမ်းမိုးမှုကို တုံ့ပြန်ရာတွင် ပေါင်းစပ်ညှိနှိုင်းမှုကို တိုးမြှင့်ကြမည်ဖြစ်သည်။

အဆိုပါဖိုရမ်သည် ဒေသတွင်း အားကောင်းလာနေသော အင်အားများ၏ စိန်ခေါ်မှုများကို ဖြေရှင်းရန် အထူး ဖွဲ့စည်းထားသော ပထမဆုံးနိုင်ငံတကာ ပါလီမန် ဖိုရမ် ဖြစ်လာမည်ဖြစ်သည်။

ကျွန်းများ၌ တရုတ်အခြေစိုက်စခန်းတည်ဆောက်ရန် လမ်းဖွင့်ပေးနိုင်သော တရုတ်နှင့်ဆော်လမွန်အကြား လုံခြုံရေးသဘောတူညီချက်အသစ်ကြေညာချက်အပေါ်လည်း IPACက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly