ကိုဗစ်-၁၉ ကြောင့် ကလေးမွေးဖွားမှုနှင့် အိမ်ထောင်ပြုမှု လျော့နည်းလာဟု တရုတ်ပြော

By Aljazeera
26 August 2022
ကိုဗစ်-၁၉ ကြောင့် ကလေးမွေးဖွားမှုနှင့် အိမ်ထောင်ပြုမှု လျော့နည်းလာဟု တရုတ်ပြော

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံအတွင်း၌ လက်ထပ်ထိမ်းမြားမှုနှင့် ကလေးမွေးဖွားမှုနှုန်းကျဆင်းလာကာ မကြာသေးမီနှစ်များအတွင်း ပညာရေးနှင့် ကလေးပြုစုစောင့်ရှောက်မှုစရိတ် မြင့်တက်လာမှုတို့ကြောင့် အခြေအနေ ပိုမိုဆိုးရွားလာကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ပြောသည်။

အမျိုးသမီးအများအပြားသည် အိမ်ထောင်ပြုရန် သို့မဟုတ် ကလေးယူရန်အစီအစဉ်များ နှောင့်နှေးနေဆဲဖြစ်ပြီး မြန်ဆန်သော စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများက ပြောင်းလဲမှုအများအပြားကို ဖြစ်စေသည်ဟု ကျန်းမာရေး ကော်မရှင်က Reuters သတင်းဌာနသို့ ပြောသည်။

လူငယ်များက မြို့ပြဒေသများသို့ ရွှေ့ပြောင်းခြင်း၊ ပညာရေးအတွက် အချိန်ပေးခြင်းနှင့် ဖိအားများသော အလုပ်ပတ်ဝန်းကျင်များကလည်း အကြောင်းရင်း တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဆိုသည်။

ပြည်သူများ၏ ဘဝကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်လျက် မည်သည့်ရောဂါဖြစ်ပွားမှုကိုမဆို အလျင်အမြန် နှိမ်နင်းသော တရုတ်၏ အလျှော့မပေးသည့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် ကလေးယူလိုသော ဆန္ဒကို ပျက်စီးစေသည်ဟု လူဦးရေစာရင်းအင်းပညာရှင်များက ပြောသည်။

“ကိုရိုနာဗိုင်းရပ်စ်က တချို့လူတွေရဲ့ အိမ်ထောင်ရေးနဲ့ ကလေးယူမယ့်အစီအစဉ်တွေကို သိသိသာသာ သက်ရောက်မှုရှိပါတယ်” ဟု ကော်မရှင်က ပြောသည်။

ကလေးမွေးဖွားမှုအရေအတွက်သည် ယမန်နှစ်က ၁၀ ဒသမ ၆ သန်းရှိရှိရာမှ ၁၀ သန်းအထိကျဆင်းလာနိုင်ကာ ၂၀၂၀ ခုနှစ်ထက် ၁၁ ဒသမ ၅ ရာခိုင်နှုန်းလျော့ကျမည်ဟု ခန့်မှန်းထားပြီး ယခုနှစ်၌ တရုတ်၏ ကလေးမွေးဖွားမှု သည် စံချိန်တင် ကျဆင်းဖွယ်ရှိသည်။

ထိုပြဿနာများကို ဖြေရှင်းရန် နိုင်ငံနှင့် ပြည်နယ်အာဏာပိုင်များက အခွန်လျှော့ချခြင်း၊ မီးဖွားခွင့် ရက်ရှည်ပေးခြင်း၊ ဆေးအာမခံတိုးမြှင့်ခြင်း၊ အိမ်ရာများထောက်ပံ့ခြင်းနှင့် တတိယမြောက်မွေးဖွားသည့် ကလေးအတွက် အပိုငွေများပေးခြင်း စသည့် စီမံချက်များကို ပြီးခဲ့သည့်နှစ်က မိတ်ဆက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required