တရုတ်တွင် အပူလှိုင်း၊မိုးခေါင်ခြင်း၊တောမီးများနှင့် ကြုံတွေ့နေရ

တရုတ်တွင် အပူလှိုင်း၊မိုးခေါင်ခြင်း၊တောမီးများနှင့် ကြုံတွေ့နေရ

တရုတ်တွင်မြူနီစပယ်မြို့များနှင့် ပြည်နယ်အများအပြားတွင် မြစ်ချောင်းများခမ်းခြောက်ကာ သီးနှံများညှိုးနွမ်းစေပြီး လျှပ်စစ်ဓာတ်အားခွဲတမ်းဖြင့်ပေးစေရသည့် စံချိန်တင် အပူလှိုင်းဒဏ်ကိုခံနေရစဉ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချုံချင်းမြို့တွင် လောင်ကျွမ်းနေသော တောမီးအများအပြားက ငြှိမ်းသတ်ရန် စစ်တပ်နှင့် မီးသတ်သမားများကိုဖြန့်ကျက်နေရာချထားသည်။

ကြိုတင်ခန့်မှန်းသူများက သြဂုတ်လ၂၂ရက်အထိ၁၁ရက်ဆက်တိုက်အပူချိန် “အနီရောင် သတိပေးချက်”ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်အဆင့် မိုးခေါင်ရေရှားမှု သတိပေးချက်ကို ဒုတိယအမြင့်ဆုံး အဆင့်ဖြစ်သော“လိမ္မော်ရောင်”သို့မြှင့်တင်ခဲ့သည်။

တရုတ်နိုင်ငံတွင်ဆယ်စုနှစ်ခြောက်ခုကျော်အတွင်းအဆိုးရွားဆုံးအပူလှိုင်းသည်လယ်ယာစိုက်ပျိုးရေးကိုထိခိုက်စေသည့်အပြင်ပြည်သူများအကြားလျှပ်စစ်ဓာတ်အားလိုအပ်ချက်မြင့်မားလာမှုကြောင့်နိုင်ငံအ နောက်တောင်ပိုင်းရှိစက်မှုကုန်ထုတ်လုပ်ငန်းများကိုလည်းအဟန့်အတားဖြစ်စေကာနေအိမ်များသို့လျှပ်စစ်ဓာတ်အားလွှဲပြောင်း ပေးရန်အတွက်ထုတ်လုပ်ရေးစက်ရုံများစွာကိုလည်း ပိတ်လိုက်ရသည်။

တရုတ်အနောက်တောင်ပိုင်းရှိချုံချင်းမြို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသောစီချွမ်ပြည်နယ်၊အရှေ့ပိုင်းကျီ ကျန်းပြည်နယ်နှင့်အနောက်မြောက်ပိုင်းရှန်စီပြည်နယ်တို့အပါအဝင်နေရာအများအပြားတွင်သြဂုတ်လ၁ရက်ကတည်းကအပူချိန်၄၀ဒီဂရီစင်တီဂရိတ်ကျော်လွန်သွားပြီဖြစ်ကြောင်းနိုင်ငံတစ်ဝန်းရှိမိုးလေဝသစောင့် ကြည့်ရေးစခန်း၂၀ဝကျော်ကဖော်ပြနေကြောင်းတရုတ်အစိုးရမီဒီယာကဖော်ပြခဲ့သည်။

ချုံချင်း၏ကျယ်ပြောလှသောမြူနီစီပယ်မြို့များသည်အဆိုးရွားဆုံးထိခိုက်မှုထဲတွင်ပါဝင်ပါသည်။

“မီးငြိမ်းသတ်ဖို့အတွက်မီးသတ်သမားတွေ၊လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ကျွမ်းကျင်ကယ်ဆယ်ရေးအဖွဲ့တွေ အပါအဝင်ကယ်ဆယ်ရေးဝန်ထမ်း၅,ဝဝဝကျော်ကရဟတ်ယာဉ်၇စင်းနဲ့မီးငြှိမ်းသတ်ခဲ့ပါတယ်။လူပေါင်း ၁၅၀ဝကျော်ကိုဘေးကင်းရာသို့ရွှေ့ပြောင်းပေးထားပါတယ်”ဟု သြဂုတ်၂၂ရက်တွင် တရားဝင်သတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့သည်။

စွမ်းအင်ထောက်ပံ့မှု၏၈၀ရာခိုင်နှုန်းအတွက်ရေအားလျှပ်စစ်ကိုမှီခိုနေရသောစီချွမ်ပြည်နယ်သည်အထူး သဖြင့်ယန်ဇီမြစ်တွင်ရေနည်းပါးခြင်းကြောင့်ပြင်းထန်စွာထိခိုက်ခဲ့သည်။

ယင်းကြောင့်လူဦးရေ၈၄သန်းကျော်ရှိသောပြည်နယ်အနှံ့အပြားရှိစီးပွားရေးလုပ်ငန်းများနှင့်အိမ်ထောင်စု များလျှပ်စစ်ဓာတ်အားဖြတ်တောက်ခဲ့ရသည်ဟုသတင်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly