ဂျပန်က တရုတ်ကို တန်ပြန်မည့် တာဝေးပစ်ဒုံးကျည်များ တပ်ဆင်ထားရန် စီစဉ်နေ

ဂျပန်က တရုတ်ကို တန်ပြန်မည့် တာဝေးပစ်ဒုံးကျည်များ တပ်ဆင်ထားရန် စီစဉ်နေ

ဂျပန်က တရုတ်ကို တန်ပြန်တိုက်ခိုက်နိုင်စွမ်းမြှင့်တင်သည့်အနေဖြင့် တာဝေးပစ်ခရုဇ်ဒုံးကျည် အစင်း၁၀ဝဝ တပ်ဆင်ထားရန် စဉ်းစားနေကြောင်းYomiuri သတင်းစာက ဖော်ပြလိုက်သည်။

အဆိုပါ ဒုံးကျည်များသည် အကွာအဝေး ကီလိုမီတာ၁၀ဝ ( ၆၂မိုင်) မှကီလိုမီတာ၁၀ဝ၀အထိ ပစ်ခတ်နိုင်ရန် ပြုပြင်မွမ်းမံထားသော လက်နက်များဖြစ်ကြောင်းအစိုးရသတင်းရင်းမြစ်များကို ကိုးကား၍ သတင်းစာက ဆိုသည်။

သင်္ဘော သို့မဟုတ်လေယာဉ်မှပစ်လွှတ်နိုင်သော အဆိုပါလက်နက်များသည် တောင်ပိုင်း နန်ဆေးကျွန်းများ အနီးတွင် အဓိကထားရှိမည်ဖြစ်ပြီးယင်းတို့သည် မြောက်ကိုရီးယားနှင့် တရုတ်ကမ်းရိုးတန်းဒေသများသို့ ပစ်ခတ်နိုင်ကြောင်းYomiuri က ဖော်ပြခဲ့သည်။

အမျိုးအစား၁၂မြေပြင်မှသင်္ဘောဖျက်ဒုံးပစ်လောင်ချာယူနစ်ကို၂၀၂၂ခုနှစ်ဇွန်လ၁၆ရက်တွင်ဂျပန်မြေပြင်  ကာကွယ်ရေးတပ်ဖွဲ့၏စခန်းကီဇာရာဇူတွင်ပြုလုပ်သည့်၂၀၂၂ခုနှစ်ကြည်း၊ရေ တပ်ခေါင်းဆောင်များ စာတမ်းဖတ်ပွဲတွင် ပြသခဲ့သည်။

မိမိကိုယ်မိမိကာကွယ်ရေးအတွက်သာစစ်တပ်ကိုအသုံးပြုရန်စစ်ပြီးခေတ်အခြေခံဥပဒေတွင် အဓိပ္ပာယ် ဖွင့်ဆိုထားသည့်ဂျပန်သည် ယင်း၏စစ်ရေးအသုံးစရိတ်ကို မြှင့်တင်ကာ မကြာသေးမီနှစ်များအတွင်း ပိုမိုခိုင်မာသော မဟာဗျူဟာတစ်ရပ်ကိုချမှတ်ခဲ့သည်။

သို့သော်ပြည်ပမြေပေါ်ရှိပစ်မှတ်များကိုတိုက်ခိုက်နိုင်သည့်လက်နက်များတွင်တာဝေးပစ်ဒုံးကျည်များဖြန့် ကျက်ခြင်းမှရှောင်ကြဉ်ခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်နေသော်လည်းတရုတ်ကတောင်းဆိုနေသည့်ထိုင်ဝမ်သို့အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပေလိုစီလာရောက်လည်ပတ်ပြီးနောက်ဒေသတွင်းတင်းမာမှုများမြင့်တက်လာခဲ့သည်။ထိုင်ဝမ်အနီးနှင့်ဂျပန်သီးသန့်စီးပွားရေးဇုန်အတွင်းသို့တရုတ်ကဒုံးကျည်များပစ်လွှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly