တရုတ်၌ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေချိန် ချုံချင်းပြည်နယ်တွင် အစုလိုက်အပြုံလိုက် စမ်းသပ်မှုပြုလုပ်

တရုတ်၌ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်နေချိန် ချုံချင်းပြည်နယ်တွင် အစုလိုက်အပြုံလိုက် စမ်းသပ်မှုပြုလုပ်

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေများ ပိုမိုဆိုးရွားလာစဉ် ချုံချင်းပြည်နယ်အလယ်ပိုင်း၌ ဩဂုတ် ၂၄ ရက်မှစ၍ အစုလိုက်အပြုံလိုက်စမ်းသပ်မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ကြေညာလိုက်သည်။

အနောက်တောင်ပိုင်း မြူနီစီပယ်ဧရိယာရှိ ခရိုင်နှင့်ကောင်တီပေါင်း ၃၈ ခုတွင် လူဦးရေ ၃၂ သန်းကျော်န ေထိုင်ကြပြီး အလယ်ပိုင်း ခရိုင် ၉ ခုတွင် နေထိုင်သူ ၁၀ သန်းခန့်ရှိသည်။

တရုတ်ရှိ မြို့ကြီးအသီးသီးတွင် ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်တက်လာပြီးနောက် ဒေသန္တရအာဏာပိုင်များက ရောဂါစမ်းသပ်မှုမပြုလုပ်ရသေးသူများကို သတင်းပို့ရန် ပြည်သူများအား တိုက်တွန်းသည့် သတင်းများ ထွက်ပေါ် လာသည်။
 
ဩဂုတ် ၃ ရက်က ပထမဆုံးအတည်ပြုလူနာ ၁ ဦးတွေ့ရှိပြီးနောက် ချုံချင်းမြို့အနှံ့အပြားတွင် ကူးစက်သူ ၁၅ ဦး တွေ့ရှိခဲ့သည်။

“ချုံချင်းက အခု ကပ်ရောဂါထိန်းချုပ်ရာမှာ မသေချာမရေရာမှုတွေနဲ့ ရှုပ်ထွေးတဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်” ဟု ချုံချင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ယန်လင်းက ဩဂုတ် ၂၃ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဒေသသစ်များ အထူးသဖြင့် တိဗက်နှင့်ဟိုင်နန်ရှိ ခရီးသွားအချက်အချာဒေသများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ တွေ့ရှိလာသောကြောင့် သမ္မတရှီ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် မအောင်မြင်ခဲ့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly