တရုတ်သည် နိုင်ငံခြားသံတမန်များအတွက် သုဿာန်ကဲ့သို့ ဖြစ်နေကြောင်း Hong Kong Post သတင်းစာ ဖော်ပြ

တရုတ်သည် နိုင်ငံခြားသံတမန်များအတွက် သုဿာန်ကဲ့သို့ ဖြစ်နေကြောင်း Hong Kong Post သတင်းစာ ဖော်ပြ

အမေရိကန်မှ လွယ်လင့်တကူ ရရှိနိုင်သည့် နည်းပညာများကို ခိုးယူခြင်း၊ ဆင်းရဲချို့တဲ့သည့် နိုင်ငံများကို ကြွေးမြီ ဝန်ထုပ်ဝန်ပိုး ဖြစ်စေခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခြင်းအပါအဝင် အငြင်းပွားဖွယ်ရာ အကြောင်းကိစ္စများ ရှိနေသည့် တရုတ်နိုင်ငံသည် နိုင်ငံခြားသံတမန်များအတွက် သုဿာန်မြေသဖွယ်ဖြစ်နေသည်ဆိုသော စွပ်စွဲချက်များကို ယခုအခါ ရင်ဆိုင်နေရသည်။ 

အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဒူဝေအပါအဝင် ၂၀၀၀ ပြည့်နှစ်မှစ၍ သေဆုံးသူ ပြည်ပသံတမန် ၁၃ ဦးရှိကြောင်း Hong Kong Post သတင်းတွင် ဖော်ပြထားသည်။

ကူမင်းမြို့တွင် ဩဂုတ် ၇ရက်က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ ကွယ်လွန်ခဲ့ပြီးနောက် ယမန်နှစ်မှစ၍ ၄ ဦးမြောက် သံတမန်အကြီးအကဲတစ်ဦး သေဆုံးခြင်းက တရုတ်အစိုးရအပေါ် ယင်းအနိဋ္ဌာရုံ ဖြစ်ရပ်များအတွက် အာရုံစိုက် မိလာစေသည်။ 

ထို့ပြင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် သံအမတ်ကြီးဦးမျိုးသန့်ဖေအကြောင်း ဖော်ပြချက် တွင် သေဆုံးသွားရသည့်အကြောင်း တိကျစွာ ဖော်ပြမထားခဲ့ပေ။

ထို့ပြင် ဂျာမန်သံအမတ်ကြီး ဂျန်ဟက်ကာ၊ ယူကရိန်းသံအမတ်ကြီးဆာဟီးကာမီရှက်ဗ်နှင့် ဖိလစ်ပိုင် သံတမန် ဟိုဆေးဆန်တေဂိုချီတိုစတာတို့သည်လည်း တရုတ်နိုင်ငံ၌ တာဝန်ထမ်းဆောင် သေဆုံးသွားခဲ့ကြရာ တရုတ်နိုင်ငံသည် နိုင်ငံခြားသံတမန်များအတွက် အန္တရာယ်များသော နိုင်ငံဖြစ်လာသည်။ 

နိုင်ငံတကာ သံတမန်သမိုင်းတွင် သံအမတ်ကြီးများနှင့် ကော်မရှင်နာမင်းကြီးများသည် လုပ်ကြံ သတ်ဖြတ်ခံရမှုများ၊ မပြင်းထန်သည့် ကျန်းမာရေးမကောင်းခြင်းတို့ကြောင့် သေဆုံးခဲ့ကြဖူးကြောင်း Hong Kong Post သတင်းစာတွင် ဖော်ပြထားသည်။

ထို့ပြင် အသက် ၅၄ နှစ်အရွယ် ဂျာမနီသံအမတ်ကြီး ဂျန်ဟက်ကာသည် ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၄ ရက်က မြို့တော် ပေကျင်းတွင် စတင်တာဝန်ထမ်းဆောင်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပင် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။

“သေဆုံးမှုဖြစ်ပွားရတဲ့  ကိစ္စရပ်များကို အခြေခံကြည့်ရင် ဂျန်ဟက်ကာရဲ့ သေဆုံးမှုဟာ တာဝန်ထမ်းဆောင်မှုနဲ့ ပတ်သက်ကြောင်း မတွေ့ရှိရပါဘူး” ဟု ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟယ်ကို မတ်စ်၏ ပြောကြားချက်ကို DPA သတင်းဌာနက ဖော်ပြခဲ့ကြောင်း Hong Kong Post တွင် ရေးသားထားသည်။

ယူကရိန်းသံအမတ်ကြီး ဆာဟီးကာမီရှက်ဗ်သည်လည်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ကျင်းပသည့် ရှန်ကျီကူးမြို့မှ ပေကျင်းမြို့သို့ ယမန်နှစ် ဖေဖော်ဝါရီ ၁၄ ရက်က မပြန်မီ သေဆုံးခဲ့သည်။ 

သံအမတ်ကြီး ၅၀ ကျော်သည် ၂၀ ရာစုနှစ် အစပိုင်းနှင့်  ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၇ ရက်အထိ နိုင်ငံအသီးသီး၌ တာဝန်ထမ်းဆောင်စဉ် သေဆုံးခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly