တရုတ်တွင် ကန့်သတ်ပိတ်ဆို့မှုများကြောင့် ကုန်သွယ်မှု စီးဆင်းရေးကို အခက်ကြုံစေ

တရုတ်တွင် ကန့်သတ်ပိတ်ဆို့မှုများကြောင့် ကုန်သွယ်မှု စီးဆင်းရေးကို အခက်ကြုံစေ

တရုတ်စီးပွားရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုများမြင့်တက်နေချိန်တွင် ကျီကျန်းပြည်နယ်ရှိ ယိဝူမြို့တွင် အွန်လိုင်း ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းမှ ကုန်သည်ထောင်ပေါင်းများစွာသည် မြို့ကို ကိုဗစ်-၁၉ ကြောင့် ပိတ်ဆို့ကန့် သတ်ထားချိန်တွင် ပေးပို့မှုများကို ဆိုင်းငံ့ထားသဖြင့် ကုန်သွယ်မှုစီးဆင်းမှုများ အခက်ကြုံနေသည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုများပြားလာခြင်းကြောင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က မြို့ကို ပိတ်ဆို့ကန့်သတ် ထားခဲ့ကြောင်း CGTN က ဖော်ပြခဲ့သည်။

တရုတ်တွင် အိမ်ခြံမြေဈေးနှုန်းကျဆင်းမှုကြောင့် ဘဏ်များနှင့် ပြည်နယ်အစိုးရများ ထိခိုက် နစ်နာခဲ့ပြီး ကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သော တရုတ်ကို ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိသည်။

အိမ်ခြံမြေလုပ်ငန်းဖော်ဆောင်သူများ၏ အကြွေးဖြင့် တိုးတက်မှုပုံစံသည် ပြောင်းပြန်ဖြစ်သွားပြီးနောက် လွန်ခဲ့သည့် ၁၂ လအတွင်း ကြွေးဆပ်ရန်ပျက်ကွက်များ များလာခဲ့သည်ဟု Nikkei Asia က ဆိုသည်။

ရှန်ဟိုင်းအခြေစိုက် Wind Information ၏ အဆိုအရ ၂၀၂၂ခုနှစ်တွင် ပြည်တွင်းကြွေးမြီများ ပြန်ဆပ်ရန် နှောင့်နှေးခြင်းအပါအဝင် ပျက်ကွက်မှု ၉၉ ခုခန့် ရှိခဲ့သည်။

တရုတ်၏ စက်ရုံထုတ်ဈေးနှုန်းငွေကြေးဖောင်းပွမှုသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ဇူလိုင်လတွင် အနိမ့်ဆုံး သို့ ရောက်ရှိခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုက ဖော်ပြခဲ့သည်။

စက်ရုံထုတ်ဈေးများကို တိုင်းတာသည့် ထုတ်လုပ်သူဈေးနှုန်းအညွှန်းကိန်းသည် ယခင်လကထက် ၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာပြီးနောက် ဇူလိုင်လတွင် နှစ်အလိုက်နှိုင်းယှဉ်ပါက ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးလာခဲ့ ကြောင်း NBS ကို ကိုးကား၍ China Daily က ဖော်ပြခဲ့သည်။
 
အစောပိုင်းတွင် တရုတ်ဝန်ကြီးချုပ် လီခါ့ချင်က တောင်ပိုင်းနည်းပညာအချက်အချာကျသော ရှန်ကျန်းမြို့သို့ သွားရောက်ခဲ့ပြီး စီးပွားရေးပြန်လည်နာလန်ထူရန်အတွက် "အရေးတကြီးလုပ်ဆောင်ရန်" တိုက်တွန်းခဲ့သည်။ အိမ်ခြံမြေကဏ္ဍသည် ထူးခြားသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း Daisuke က ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required