အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုက အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးကို ထိခိုက်စေကြောင်း စင်ကာပူ ဝန်ကြီးချုပ် ပြောကြာ

အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုက အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးကို ထိခိုက်စေကြောင်း စင်ကာပူ ဝန်ကြီးချုပ် ပြောကြာ

အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုများနှင့် ရုရှား-ယူကရိန်းစစ်ပွဲက အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးကို ထိခိုက်စေကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက သြဂုတ် ၂၁ရက်တွင် ပြောကြားလိုက်သည်။

“အာရှ-ပစိဖိတ်ဒေသမှာ ပထဝီဝင်နိုင်ငံရေးအားပြိုင်မှုတွေ ပိုဖြစ်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားရပါ မယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး စင်ကာပူသည် အဓိက ပါဝါပြိုင်ဆိုင်မှုတွင် ပိတ်မိနေခြင်းကို ရှောင်ရှားရန် အကောင်းဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရာသီဥတုဖောက်ပြန်မှု၊ ကူးစက်ရောဂါနှင့် နျူကလီးယားပျံ့ပွားမှုစသည့် ကမ္ဘာလုံးဆိုင်ရာပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် အမေရိကန်နှင့် တရုတ်ကြား အခြေအနေပိုမိုဆိုးရွားလာနေသည့်အတွက် အတူပူးပေါင်းလုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း ၎င်းက အမျိုးသားနေ့ချီတက်ပွဲအခမ်းအနားတွင် ပြောကြား ခဲ့သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာတစ်စောင်တွင်လည်း ရုရှားနှင့် တရုတ်အား အဓိက ခြိမ်းခြောက်မှုအဖြစ် ဖော်ပြထားပြီး နှစ်နိုင်ငံစစ်ရေးနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုများ သည် ဒေသတွင်း လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေသည်ဟု ဖော်ပြထားသည်။

ဇူလိုင်လ ၂၂ရက် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းသည် ဒုတိယကမ္ဘာ စစ်နောက် ပိုင်း အကြီးမားဆုံးသော စမ်းသပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့ သည်။

"ဂျပန်တည်ရှိသော အင်ဒို-ပစိဖိတ်ဒေသသည် ကမ္ဘာပါဝါချိန်ခွင်လျှာပြောင်းလဲမှုကြောင့် သိသာထင်ရှားစွာ သက်ရောက်မှုရှိခဲ့ပြီး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့်၊ ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်တို့တွင် တရုတ်နှင့် အမေရိကန်ကြား တင်းမာမှုများသည် ပိုမိုထင်ရှားလာသည် "ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှစ်ပေါင်း ၃၀ ကျော်အတွင်း တရုတ်၏ ကာကွယ်ရေးအသုံးစရိတ်သည် အမြင့်မားဆုံးဖြစ်လာခဲ့ပြီး နျူကလီး ယား၊ ဒုံးကျည်၊ ရေတပ်နှင့် လေတပ်များကို အဓိကထားကာ အရည်အသွေးနှင့် အရေအတွက်တိုးလာရေး စစ် အင်အားကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ စိုးရိမ်မှုများ အလွန်မြင့်တက်လာနေသည်။

အမေရိကန်နှင့် တရုတ်ကြား မဟာဗျူဟာပြိုင်ဆိုင်မှုနှင့် ယင်းကဲ့သို့ နိုင်ငံအချင်းချင်းပြိုင်ဆိုင်မှုသည် လူမှု ကွန်ရက် (SNS) အပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် အဆက်မပြတ်ဖြစ်ပေါ်နေပြီး တစ်ခါတစ်ရံတွင် စစ်ရေးနှင့် စစ်ရေးမဟုတ်သော စပ်ကြားစစ်ပွဲများမှ တစ်ဆင့် ဖြစ်ပေါ်နေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required