ပါကစ္စတန်၏ ကြွေးမြီ ရူပီး ၆၀ ထရီလီယံနီးပါးအထိ မြင့်တက်  

ပါကစ္စတန်၏ ကြွေးမြီ ရူပီး ၆၀ ထရီလီယံနီးပါးအထိ မြင့်တက်  

ပါကစ္စတန်နိုင်ငံတွင် နိုင်ငံသုံးငွေကြေး တန်ဖိုးလျော့ကျမှုနှင့် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော အစိုးရလက်ထက် ချွတ်ယွင်းချက်ရှိသော မူဝါဒများကြောင့် နိုင်ငံ၏ ကြွေးမြီသည် ယခုအခါ ရူပီး ၆၀ ထရီလီယံနီးပါးအထိ စံချိန်တင် ရောက်ရှိသွားခဲ့သည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း အစိုးရကြွေးမြီပိုင်း တိုးပွားမှုက ပါကစ္စတန် ရူပီး ၉ ဒသမ ၃ ထရီလီယံ ဖြစ်သော်လည်း ၂၀၂၂ ခုနှစ် ဇွန်လကုန်ပိုင်းတွင် အဆိုပါ ကြွေးမြီပမာဏက စံချိန်တင် ရူပီး ၄၉ ဒသမ ၂ ထရီလီယံ ကို ရောက်ရှိခဲ့ကြောင်း ပါကစ္စတန် ဗဟိုဘဏ် (SBP) ကို ကိုးကားပြီး the Express Tribune က ဖော်ပြသည်။

ထို့ပြင် ဩဂုတ် ၁၅ ရက်က ထုတ်ပြန်ခဲ့သည့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွက် ဗဟိုဘဏ်၏ နောက်ဆုံးကြွေးမြီဆိုင်ရာ ထုတ်ပြန်ချက်အရ ကြွေးမြီဝန်ထုပ်ဝန်ပိုးက နိုင်ငံစီးပွားရေးအရွယ်အစားအရ မြင့်တက်ခဲ့သည်ဟု ပြသနေခဲ့ရာတွင် ပါကစ္စတန်သည် အဆိုးဆုံးနှင့် မခံမရပ်နိုင်အောင် များပြားသော ကြီးလေး သည့် ကြွေးမြီဝန်ထုပ်ဝန်ပိုးတစ်ခုအောက်တွင် ကျရောက်နေပြီ ဆိုသည်ကို ညွှန်ပြနေသည်။

SBP ၏ ထုတ်ပြန်ချက်အရ နိုင်ငံ၏ စုစုပေါင်း ကြွေးမြီနှင့် ပေးဆပ်ရမည့် တာဝန်များက ရူပီး ၅၉ ဒသမ ၇ ထရီလီယံအထိ မြင့်တက်ခဲ့ကြောင်း သိရပြီး ယင်းသည် ယခင်ဘဏ္ဍာနှစ်နှင့် ယှဉ်ပါက ရူပီး ၁၁ ဒသမ ၉ ထရီလီယံ သို့မဟုတ် ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် နိုင်ငံသည် ၁၉၄၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဇွန်လအထိ စုပုံခဲ့သည့် ကြွေးမြီပမာဏ၏ လေးပုံတစ်ပုံကို ထပ်ပေါင်းထည့်ခဲ့သည်ကို ပြသနေသည်။

စီးပွားရေး အရွယ်အစားအရ ပါကစ္စတန်၏ စုစုပေါင်း ကြွေးမြီနှင့် ပေးဆပ်ရမည့်တာဝန်များက ၂၀၁၈ ခုနှစ်တွင် စီးပွားရေးအရွယ်အစား၏ ၇၆ ဒသမ ၄ ရာခိုင်နှုန်းနှင့် ညီမျှခဲ့ပြီး ယင်းသည် ယခုနှစ် ဇွန်လတွင် ၈၉ ဒသမ ၂ ရာခိုင်နှုန်းကို ခုန်တက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly