တရုတ်စီးပွားရေး တိုးတက်ရေးအတွက် လျာထားမူဝါဒကို အားပေးမည်

တရုတ်စီးပွားရေး တိုးတက်ရေးအတွက် လျာထားမူဝါဒကို အားပေးမည်

တရုတ်တွင် စီးပွားရေးအတွက် ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒကိုလျာထားသည့် နည်းလမ်းဖြင့် ပံ့ပိုး ကူညီသွားမည်ဖြစ်ကြောင်း အစိုးရမီဒီယာက သြဂုတ်၁၉ရက်တွင် ပြောကြားခဲ့ပြီး ပိုမိုအဆင်ပြေသည့် ဖြေလျှော့မှု အစီအစဉ်များကို ထုတ်ဖော်နိုင်မည်ဟု မျှော်လင့်ကြောင်းအစိုးရအဖွဲ့ကို ကိုးကား၍ ဖော်ပြလိုက်သည်။

တရုတ်၏ အဓိကလုပ်ဆောင်ချက် အညွှန်းကိန်းများသည် ဇူလိုင်လတွင် စီးပွားရေး မမျှော်လင့်ဘဲ နှေးကွေးသွားသည်ကို ဖော်ပြခဲ့ပြီး ဒေသတွင်းကိုဗစ်-၁၉ရောဂါပြန်လည်ဖြစ်ပွားမှုနှင့် ကမ္ဘာစီးပွားရေး နှေးကွေးမှုတို့အပါအဝင် ပြင်းထန်သော ကျဆင်းမှုများကို ကိုင်တွယ်ဖြေရှင်းရန်မူဝါဒချမှတ်သူများက အစီအမံများအရှိန်မြှင့် ဆောင်ရွက်လာခဲ့သည်။

တရုတ်က ယင်း၏ စီးပွားရေးပြန်လည် ဦးမော့လာမှုကိုစုစည်းကာ ကျိုးကြောင်းဆီလျော်သည့် အတိုင်းအတာ အတွင်း စီးပွားရေးလည်ပတ်မှုများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်လီခါ့ချင်က ဦးဆောင်သော ပုံမှန်အစည်းအဝေးအပြီးတွင် အစိုးရအဖွဲ့အား ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

“လက်ရှိမှာစီးပွားရေးက သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ဆက်ပြီး နာလန်ထူနေပေမယ့် အတက်အကျ အနည်းငယ်ရှိနေတုန်းပါပဲ”ဟုဝန်ကြီးအဖွဲ့၏ပြောကြားချက်ကိုကိုးကားခဲ့သည်။

"စစ်မှန်သောစီးပွားရေးကိုပံ့ပိုးရေးအတွက်လျာထားသောဘဏ္ဍာရေးနှင့်ငွေကြေးမူဝါဒများကိုခိုင်မာစေရန်၊စီးပွား ရေး ပြန်လည်ထူထောင်ရေး အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မာစေရန်၊ ကျိုးကြောင်းဆီလျော်သော အတိုင်းအတာ အတွင်း စီးပွားရေးလည်ပတ်မှုကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်သည်" ဟု ၎င်းကပြောကြားခဲ့သည်။

စရိတ်စကလျှော့ချရေးမူဝါဒအစီအမံများနှင့်အတူအခက်အခဲရှိပြည်သူများ၏အခြေခံစားဝတ်နေရေးပိုမိုလုံခြုံစေရန်နှင့်မရှိမဖြစ်လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန်အစည်းအဝေးအပြီးတွင်ထုတ်ပြန်ခဲ့သည့်တရားဝင်ထုတ်ပြန်ချက်တစ်ရပ်တွင်ဖော်ပြခဲ့သည်။
အခြေခံစားဝတ်နေရေးလိုအပ်ချက်များဖြည့်ဆည်းပေးရေးသည်ပြည်သူများ၏အဓိကစိုးရိမ်မှုနှင့်အစိုးရ၏တာဝန်ဝတ္တရားဖြစ်ကြောင်းသဘောထားထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

ကိုဗစ် -၁၉ကပ်ရောဂါနှင့်သဘာဝဘေးအန္တရာယ်များကြောင့်အခက်အခဲကြုံရသူဦးရေတိုးလာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly